(ခ)-သိန္နီမြို့မြို့ရှောင်လမ်း၏ လျာထားလမ်းနယ်နိ မိတ်နှင့် ပတ်သက်၍ကောင်းဟော်ကျေးရွာအုပ်စု လမ်းတစ်လျှောက်ဖြတ်သန်းသွားမည့်လမ်းမကြီး ကို ဆက်လက်အတည်ပြုဖြတ်သန်း သွားရန်အစီ အစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2021-01-03

ဦးစိုင်းဦးခမ်း (သိန္နီ)ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီမြို့ရှိမြို့ရှောင်လမ်း၏ လမ်းနေရာထားမှုအူကြောင်း နယ်နိမိတ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် Orital High Way ကုမ္ပဏီတို့မှ ၃၀-၉-၂၀၁၅ ရက်နေ့က အတည်ပြု သတ် မှတ်ခဲ့ပြီးဖြစ်ရာ သက်ဆိုင်ရာ ဖြတ်သန်းသွားမည့် လယ်ယာမြေပေါ်တွင် စာရင်းပြုစုပြီး လျော်ကြေးများ ပေးအပ်သွားရန် ပြည်သူလူထုနှင့် တွေ့ဆုံညှိနှိုင်း‌ပေးလျော်မည့်အကြောင်း ယခင် ဆောက် လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးတင့်မှ ဖြေကြားထားခဲ့ပါကြောင်း၊ High Way လမ်းမကြီးကို ဖြတ်သန်းသွားမည့် ကောင်းဟော်ကျေးရွာ အုပ်စုကို ၂၇-၆-၂၀၁၆ ရက်နေ့က မိမိနှင့် အတူ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တို့မှ လူထုနှင့်တွေ့ဆုံပွဲ ဆောင်ရွက်ခဲ့ပါကြောင်း၊ လူထုဘက်မှ မိမိတို့ကျေးရွာများဖြစ်သည့် နောင် အွန်ရွာ၊ ကောင်းဟော် ရွာ၊ ကောင်းလောက်စောက်ရွာ၊ ကျောင်းခမ်းရွာ၊ နမ့်ဟူးတောင်ရွာ တို့ကို ဖြတ်သန်းသွားမည့် မိမိတို့အနေဖြင့် ၎င်း ကျေးရွာကို ဒီ High Way လမ်းမကြီး မဖြတ်သန်းစေလိုကြောင်း ကွင်းလမ်း၊ မြို့ရှောင်လမ်းမှ သွားစေလိုကြောင်း တင်ပြကြပါသည်။ ကားလမ်းဘေးဝဲ/ ယာတစ်လျှောက် လူနေအိမ် ၁၇၉ အိမ်၊ မူကြိုကျောင်းလေးကျောင်း၊ မူလတန်း တစ်ကျောင်း၊ အထက်တန်းကျောင်း တစ်ကျောင်းရှိသည့်အတွက် လူထုနှင့်ကလေးများ ယာဉ်အန္တရာယ် ကြီးမားကြောင်း၊ ၎င်း လမ်းမပေါ်တွင် ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပေါ်နေပါကြောင်း၊ ကောင်းဟော်-ကောင်းလောက်စောက်လမ်းမတစ်လျှောက် ရေပိုက်လိုင်းများရှိနေခြင်း၊ နောင်အွန်မှ နမ့်ဟူးတောင်ရွာ အထိ လျှပ်စစ် မီး တိုင်၊ ဖုန်းတိုင် များရှိနေခြင်း၊ လမ်းတိုးချဲ့ပါက လူနေအိမ်များ၊ အဆောက်အဦများ၊ မီးတိုင်များပါရွှေ့ပေးရမည်ဖြစ်ပြီး ဆုံးရှုံးမှုများရှိလာမည်ဖြစ်ကြောင်း၊ ယခင် ဤစီမံချက်ကို လူထုထံ ယခုကဲ့သို့ပွင့်လင်းစွာ ချပြ ထားခြင်းမျိုးမရှိခဲ့ကြောင်း၊ မိမိတို့ကျေးရွာမှလူများ များသောအားဖြင့် High Way လမ်းဖြတ်သန်းမှုကို သဘောမတူပါကြောင်း၊ ရှောင်ကွင်းပေးစေလိုကြောင်း၊ သို့ဖြစ်ပါ၍ ယခင် အတည်ပြု ထားပြီး ကောင်းဟော်ကျေး ရွာအုပ်စု လမ်းတစ်လျှောက်ဖြတ်သန်းသွားမည့် High Way လမ်းမကြီးကို ဆက်လက်အတည်ပြု ဖြတ်သန်းသွားရန် အစီအစဉ်ရှိ/မရှိ၊ ရှိမည်ဆိုပါက အဘယ်ကြောင့်နည်း သို့မ ဟုတ် ရှောင် ကွင်းပေးရန် အစီအစဉ်ရှိ/မရှိ၊ ရှောင်ကွင်းသွားရန် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ပြန်လည်တိုင်းတာ၍ ဆောင်ရွက်မည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။