(ခ)-(မြေပုံ၊ကံသာ၊ကပိုင်)လမ်း(၉)မိုင်(၁)ဖာလုံအား ကတ္တရာလမ်းခင်းရန်အတွက်မည်သို့စီမံဆောင်ရွက် မည်ကိုသိလိုခြင်း၊(မြေပုံ။ကံသာ။ကပိုင်)လမ်းပေါ်ရှိ ပြွန်ရှည်တံတားနှင့် ကျောင်းဂမော် တံတားတို့အား တည်ဆောက်မည့်အစီစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေး
မြေပုံ-ကံသာ-ကပိုင် လမ်းသည် မြေပုံမြို့နှင့် စစ်တွေ-ရန်ကုန်အဝေးပြေး လမ်းမကြီးကို ဆက်သွယ်ပေး ထားသောလမ်းဖြစ်ပါကြောင်း၊
ဘတ်ဂျက် (၂)နှစ်အတွင်း တိုင် (၅)တိုင် ဆောက်ပြီးသော်လည်း၊ ဧရာဝတီ ထီးချိုင့် တံတားသည်(၂)နှစ် အတွင်း တံတားတစ်စင်းလုံးပြီးသွားပါကြောင်း၊ မည့်သည့်အတွက် ဘဏ္ဍာငွေ ခွဲဝေချထားမှု မတူညီသည်ကို ဝန်ကြီးဌာနအနေဖြင့် ဖြေရှင်းပေးနိုင်မည်ဟု ထင်ပါကြောင်း၊ ပြွန်ရှည်ချောင်း ကို တံတားအရှည်သည် ပေ ၁၀၈၀ တံတားဖြစ်ပြီး၊ ကျောင်းဂမော် မြစ်ကူးတံတားမှာ ပေ ၂၃၅၀ ရှည်ပါကြောင်း၊၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် မြေပုံ-ကံသာ-ကပိုင်လမ်း ၉ မိုင် ၁ ဖာလုံအား ကတ္တရာခင်းမည် ဟု ဝန်ကြီးဌာနမှ စာဖြင့်ဖြေကြားထားပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ၏ စီမံခန့်ခွဲမှုအောက် တွင်ရှိသော လမ်း/တံတားကိုတည်ဆောက်ရန် ဘဏ္ဍာခွဲဝေချထားမှုတွင် ဘဏ္ဍာငွေ နည်းပြီး အချိန်ကာလ လည်း ကြာမြင့်ပါကြောင်း၊ ပြည်ထောင်စုအစိုးရစီမံခန့်ခွဲမှု အောက်မှာရှိသော လမ်းတံတား တည်ဆောက် ရေး အတွက် ဘဏ္ဍာခွဲဝေမှုသည် အလွန်များပါကြောင်း၊ လုပ်ငန်းများမြန်ဆန်သည်ဆိုသည်မှာ အမှန် တကယ် ဖြစ်နိုင်/မဖြစ်နိုင်ကို သိရှိလိုပါကြောင်း မေးမြန်းသည်။