(စ)-နိုင်ငံတော်သမ္မတသည်အမျိုးသားလုံခြုံရေးကောင် စီ၏ထောက်ခံချက်ဖြင့်အကျဉ်းသူ၊အကျဉ်းသားများ အားလွတ်ငြိမ်းချမ်းသာခွင့်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံကို ၃၁-၈-၂၀၁၆ ရက်နေ့ကစပြီး ၃-၉-၂၀၁၆ ရက်နေ့အထိ ကျင်းပပြီးစီးခဲ့ပြီးဖြစ်ပါကြောင်း၊ ယနေ့ မြန်မာနိုင်ငံ၏ သမိုင်းကိုလေ့လာ ရလျှင် ခေတ်အဆက်ဆက် နိုင်ငံတော် အစိုးရများက နေ့ထူးနေ့မြတ် များတွင် ပြစ်ဒဏ်ကျခံနေ ရသည့် ထောင်တွင်းက အကျဉ်းသားအကျဉ်းသူများကို အကြောင်း အမျိုးမျိုးဖြင့် ပြစ်ဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ သည်ကို တွေ့ရ ပါကြောင်း၊ မြန်မာနိုင်ငံ တွင် ပြစ်ဒဏ်ကလွတ်ငြိမ်းချမ်းသာခွင့် ပေးသည့်ကာလများက ၂၀၁၁ ခုနှစ် မှ ၂၀၁၂ ခုနှစ်အထိ လွတ်ငြိမ်းချမ်း သာခွင့် နှစ်ကြိမ်၊ ၂၀၁၃ ခုနှစ် မှ ၂၀၁၄ ခုနှစ်အထိ လွတ်ငြိမ်းချမ်းသာခွင့် နှစ်ကြိမ်နှင့် နိုင်ငံတော်သမ္မတရုံး၏ ၂၉-၇-၂၀၁၅ ရက်နေ့စွဲနှင့် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်မှာ အကျဉ်းသားအကျဉ်းသူစုစုပေါင်း ၆၇၆၈ ဦးကို ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်ကို သိရပါကြောင်း၊၃၁-၈-၂၀၁၆ ရက်နေ့နှင့် ၃-၉-၂၀၁၆ ရက်နေ့တွင် ကျင်းပခဲ့ သည့် ပြည်ထောင်စုငြိမ်း ချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံသည် နှစ်ပေါင်း ၇၀ နီးပါး လက်နက်စွဲကိုင်ခဲ့သည့် တိုင်းရင်းသားများကို ငြိမ်းချမ်းရေး ရရှိအောင် ဆွေးနွေးညှိနှိုင်းခဲ့သည့် နေ့ထူးနေ့မြတ် တစ်ခုလည်းဖြစ်ပါကြောင်း၊ထို့ကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ကြိုဆိုထောက်ခံသောအားဖြင့် အကျဉ်းထောင်အတွင်းရှိ အကျဉ်းကျနေသော အကျဉ်းသားအကျဉ်းသူများကို (၁) နိုင်ငံတော်သမ္မတ တစ်ဦးတည်း သဘောဆန္ဒဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးရန်အစီအစဉ်ရှိ/မရှိနှင့် (၂) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ အရ နိုင်ငံတော် သမ္မတက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် လွတ်ငြိမ်းချမ်းသာ ခွင့်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။