(င)-စာပေဟောေ ပြောပွဲများ၊ တရားပွဲများ ကျင်း ပနိုင်ရေးခွင့်ပြုချက်တောင်းခံရာတွင်လွယ်ကူလျင်မြန် အဆင်ပြေမှုမရှိသောကြိုးနီစနစ်အားဖျက်သိမ်းပေး ရန် အစီ အစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
မိမိတို့နိုင်ငံသည် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော် ကျင့်သုံးနေပါကြောင်း၊ ဒီမိုကရေစီနိုင်ငံ၊ ဒီမိုကရေစီ စနစ်ဆိုသည်မှာ အစိုးရက သူတို့ကိုရွေးချယ်တင်မြှောက်ပေးလိုက်သည့် ပြည်သူလူထု၏ဆန္ဒကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးသည့် စနစ်ဖြစ်ပါကြောင်း၊ ပြည်သူ လူထုများကို စိတ်ချမ်းသာပျော်ရွှင်ရန် အတတ်နိုင်ဆုံးဖန်တီး ပေးသည့်စနစ်ဖြစ်ပါကြောင်း၊ မိမိတို့၏ ပြည်သူ များလည်း လွတ်လပ် ရမည်၊လုံခြုံရမည်၊စည်ပင်သာယာ ဝပြောမှုလည်းရှိရမည့် စနစ်တစ်ခုကို အစိုးရကဖန်တီးပေးရန်ဖြစ်ပါကြောင်း၊ သို့သော် စနစ်နှင့် ဆန့်ကျင်သည့် အာဏာရှင်စနစ်သည် လုံခြုံရေးကို အဓိကထားပြီး အစိုးရနှင့်ပြည်သူများအကြား ဆက်ဆံရေးကို တည်ဆောက် ထားခြင်းဖြစ် ပါကြောင်း၊လုံခြုံရေးဆိုသည့်နေရာတွင် နိုင်ငံတော်လုံခြုံရေးဟူ၍ နာမည်တပ်ထားသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အစိုးရနှင့်ပြည်သူများ ဆက်ဆံသည့်အခါ အဆင့်များစွာ ဖန်တီးထားခြင်းရှိပါကြောင်း၊ အဆင့်များစွာ ဖန်တီးထားသည့်အတွက်ကြောင့် လုံခြုံရေး ရှိလိမ့်မည်ဖြစ်ကြောင်း၊သို့သော် ၎င်း အဆင့်များကို ဖြတ်သန်းရသည့်အခါတွင် ပြည်သူများကြီးစွာသော စိတ်မသက်မသာဖြစ်မှုများ ကြုံရပါကြောင်း၊ထိုသို့ ဖြတ်သန်းရသည့်အတွက် လာဘ်ပေးလာဘ်ယူမှုများ ပေါ်ပေါက်လာသည့်အတွက်ကြောင့် စာပေဟောပြောပွဲများ၊ တရားပွဲများ ကျင်းပရန် ခွင့်ပြုချက်တောင်းခံရသည်မှာ အဆင့်ဆင့် ဖြတ်သန်းရသည့်အတွက် စိတ်ဆင်းရဲခြင်းများစွာ ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် မိမိတို့ ပြောင်းလဲချိန်တန်ပြီဆိုသည့် ကြွေးကြော်သံနှင့် ပြည်သူလူထုက ရွေးချယ်တင်မြှောက် ပေးလိုက်သည့် အစိုးရသစ် လက်ထက်တွင် မဖြစ်သင့်သည့် အနေအထားဖြစ်ပါကြောင်း၊ စာပေဟောပြောပွဲများ၊ တရားပွဲများကျင်းပသည့်အခါတွင် ယခုလိုအဆင့်အများကြီးမဖြတ်သန်းရဘဲနှင့် လွယ်လွယ်ကူကူ ပြည်သူများကို စည်းရုံးကျင်းပသည့်သူများလည်း စိတ်ချမ်းသာစွာဖြင့် မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူ လျှောက် ထားနိုင်ရန်အတွက် အဆင့်များ ကို လျှော့ချပေးရန်၊ အဲဒီကြိုးနီစနစ်ကို ဖျက်သိမ်းပေးရန် ပြည်ထောင်စုအစိုးရမှ အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။