(ခ)-သနပ်ပင်မြို့နယ်ရှိဒီရေတိုက်စားကမ်းပါးပြိုခြင်း ခံရသော ကသစ်ခုံ ကျေးရွာအား ပြန်လည်နေရာချ ထားပေးရန်နှင့် ပြည်သူများအားထိရောက်သည့်ကူ ညီမှုများအလျင် အမြန် ဆောင်ရွက်ပေးရန် အစီအ စဉ်ရှိ၊မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
သနပ်ပင်မြို့နယ်၊ ကသစ်ခုံ ကျေးရွာသည် စစ်တောင်းမြစ်ဝတွင် တည်ရှိပြီး အိမ်ထောင်စု ၃၆၅ စု၊ လူဦးရေ ၁၈၀၀ ခန့်ရှိပါကြောင်း၊
၎င်းကျေးရွာတွင် ၂၀၁၅ ခုနှစ် နှစ်လယ်ခန့်က ဒီရေတိုက်စားကမ်းပါးပြိုခြင်းများ စတင်ဖြစ်ပွားကာ လယ်မြေဧက ၇၀၀၀ ခန့် ဘုန်းတော်ကြီးကျောင်း၊ ဘုရားစေတီ၊ သောက်ရေကန်များနှင့် အိမ်ခြံမြေ များအားလုံးနီးပါး ပျက်စီးခဲ့ပါကြောင်း၊
ကျေးရွာရှိပြည်သူများအနေဖြင့် လယ်ယာမြေနှင့် အိမ်ခြံမြေများ ပျက်စီးကြခြင်းကြောင့် အလုပ်လက်မဲ့ဘဝနှင့် နီးစပ်ရာများကို ရွှေ့ပြောင်းနေထိုင်ကြရပြီးတော့ လုံခြုံစိတ်ချမှုမရှိဘဲ နေထိုင်ကြရပါကြောင်း၊ ယခု မိုးတွင်း ကာလတွင် စားဝတ်နေရေးနှင့် လုံခြုံစွာနေထိုင်ရေးကိုပါ စိုးရိမ်နေကြရပါကြောင်း၊ ယင်းကျေးရွာအတွက် နိုင်ငံတော် အစိုးရအနေမှ အိမ်ထောင်စု ၁၄၈ ခုကို တစ်အိမ်ထောင်စုလျှင် ရွှေ့ပြောင်းစရိတ် ၅၀၀၀၀ နှင့် ပစ္စည်းအချို့သာ ထောက်ပံ့ပေးခဲ့ပါကြောင်း၊
ထို့ကြောင့် သနပ်ပင်မြို့နယ်ရှိ ဒီရေတိုက်စားကမ်းပါးပြိုသည့် ကသစ်ခုံ ကျေးရွာအား လုံခြုံစိတ်ချရသော နေရာတွင် စနစ်တကျ ပြန်လည်နေရာချထားပေးရန်နှင့် ဘေးဒုက္ခ ရောက်နေသောပြည်သူများအား ထိရောက်သည့် ပံ့ပိုးကူညီမှုများ အလျင်အမြန်ဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ/မရှိသိလိုပါကြောင်း မေးမြန်းပါသည်။