(ဂ)-ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ တာမိုးညဲဒေ သနေပြည်သူ့တချို့အားတိုင်းရင်းသားလူမျိုးအဖြစ် တရားဝင် အတည်ပြုပေးခြင်းနှင့် ပတ်သက်၍ နိုင် ငံတော်အစိုးရက မည်ကဲ့သို့မူဝါဒ၊ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများဖြင့် သတ်မှတ်ပေးနေသည်ကို သိ လိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
လုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအတွင်းဝန် ဦးမြင့်ကြိုင်က ၁၁.၃.၂၀၁၆ ရက်စွဲပါစာအမှတ် ၂/ဒ၃-၁၀၀၄၁/ကပန နဲ့ပေးပို့ခဲ့သည့်တာမိုးညဲဒေသ၊ မုန်းဝန်းတိုင်းရင်း သားများအား မုန်းဝန်း(ဗမာ)ဟု သတ်မှတ်အသုံးပြုရန်ကိစ္စနှင့်ပတ်သက်၍ ပေးပို့ခဲ့သောစာ၏ ဖော်ပြချက်များအရ ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက မုန်းဝန်း (ဗမာ) လူမျိုးသတ်မှတ်ပေးမှုကို တရားဝင်ဆက်လက်အတည်ပြုပေးနိုင်ဖို့အတွက် နိုင်ငံတော်သမ္မတထံ တင်ပြလာမှုနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးနိုင်ဖို့အတွက် မုန်းဝန်း(ဗမာ)ဟု သတ်မှတ်ပေးပြီး မှတ်ပုံတင်လဲပေးရန် မှတ်ချက်ပြုခဲ့သည့် အကြောင်းပါရှိပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနအနေဖြင့်လည်း တာမိုးညဲဒေသရှိမြို့များကို ၂၀၀၉ ခုနှစ်မှစတင်ကာ လူမျိုးနေရာတွင် မုန်းဝန်း(တရုတ်)အစား မုန်းဝန်း(ဗမာ) ဗုဒ္ဓဘာသာဟု ဖော်ပြခဲ့ပြီး စာရင်းရေးသွင်းခဲ့သည်ကို သိရှိရပါ ကြောင်း၊ အဆိုပါမုန်းဝန်းလူမျိုးများနှင့် ပတ်သက်ပြီး ခေတ်အဆက်ဆက် နိုင်ငံတော်အကြီးအကဲများက နိုင်ငံတော်လုံခြုံရေးအတွက် ပူးပေါင်းပါဝင်မှုများအပေါ် အသိအမှတ်ပြုမှုများရှိခဲ့ကြပြီး ၁၉၉၈ ခုနှစ်၊ မေလ ၁၁ ရက်နေ့မှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ၏ ရှမ်းပြည်နယ် (မြောက်ပိုင်း) ခရီးစဉ်တွင် မုန်းဝန်းတိုင်းရင်းသားအမည်ကနေပြီးတော့ တာမိုးညဲဒေသ(ဗမာ)တိုင်းရင်းသား အမည်ဖြင့် သတ်မှတ်ပေးမည့် ပြောကြားခဲ့သည်ကိုလည်း ရေးသားထားပါကြောင်း၊ မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၄ အရ မည်သည့်မျိုးနွယ်စုက တိုင်းရင်းသားဖြစ်/မဖြစ်ဆိုသည်နှင့် ပတ်သက်၍ နိုင်ငံတော် ကောင်စီက ဆုံးဖြတ်နိုင်သည်ကို သိရှိသော်လည်း မုန်းဝန်းလူမျိုးသည် နေထိုင်ရာဒေသကိုအစွဲပြုပြီး ခေါ်ဆိုခဲ့ခြင်း၊ မုန်းဝန်း အမည်သည်လည်း ရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ရှိ မုန်းဝန်း ရှမ်းအခေါ် လုံးဝန်းဒေသ ကိုအစွဲပြုပြီး မုန်းဝန်း(တရုတ်)ဟူ၍ ခေါ်ဆိုခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေ အများဆုံး ဗမာလူမျိုးများနှင့် အသားအရ၊ ဘာသာစကားအရ၊ ဓလေ့ထုံးစံများအရ မည်သို့မျှ ဆက်စပ်မှု မရှိသည့် လူမျိုးနှစ်မျိုး၏အမည်ကို မည်သည့် လုပ်ထုံးလုပ်နည်း၊ ဥပဒေများဖြင့် သတ်မှတ်ခေါ်ဆိုခဲ့ကြကို သိရှိလို ပါကြောင်း၊ လုပ်ထုံး လုပ်နည်းများရှိပါကလည်း ၎င်းလုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ်ရန် လိုအပ် မည်ဟု ယူဆပါကြောင်းနှင့် တိုင်းရင်းသားအဖြစ် ခံယူလိုသော အခြားလူမျိုးများ အတွက်လည်း ဝေဖန် ထောက်ပြစရာအကြောင်းအရာတစ်ခု ဖြစ်စေပါကြောင်း၊
ထို့ကြောင့် (က)ရှမ်းပြည်နယ်(မြောက်ပိုင်း) တာမိုးညဲဒေသနေပြည်သူအချို့က သက်ဆိုင်ရာက မုန်းဝန်း (တရုတ်)လူမျိုးမှ မုန်းဝန်း(ဗမာ)တိုင်းရင်းသား လူမျိုးတစ်မျိုးအဖြစ် တရားဝင်အတည်ပြုပေးခြင်းရှိ/မရှိနှင့် ရှိပါက မည်သည့်အကြောင်းများကြောင့် တရားဝင်အတည်ပြုပေးခဲ့သည်ကိုလည်းကောင်း၊ (ခ) မြန်မာ နိုင်ငံအတွင်းနေထိုင်ကြသော လူမျိုးတစ်မျိုးက တိုင်းရင်းသားလူမျိုးတစ်မျိုးအဖြစ် အမည်ပြောင်းလဲ သတ်မှတ်လိုပါက ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် ရှိမည်ဆိုပါက မည်သည့်အကြောင်းအချက်များဖြင့် သတ်မှတ်ဆောင်ရွက်အတည်ပြုပေးနိုင်သည်ကိုလည်ကောင်း၊ (ဂ) လူမျိုးအမည် သတ်မှတ်ခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတော်အစိုးရက မည်သို့သောမူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများဖြင့် သတ်မှတ် ဆောင်ရွက်ပေးနေသည်ကို ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။