(ဆ)-ပန်းတောင်းမြို့နယ်၊ ရွာသာယာအုပ်စု၊ဘုရား ကုန်းတောင်တွင်ဒီပါအေးဆုတောင်းပြည့်စေတီတော် ၊ဗောဓိတစ်ထောင်နှင့်သာသနိကအဆောက်အဦများ ရှိရာ မြေနေရာများ အားသာသနာ့မြေ အဖြစ် သတ် မှတ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
၁၉၉၆ ခုနှစ်ခန့်မှ စ၍ ပန်းတောင်းမြို့နယ်၏ ဒီပါအေးကျောင်းတိုက်တွင် ဘဒ္ဒန္တဝိမလ ရေဆွမ်းဆရာတော်မှ သာသနာပြု၍
ဒီပါအေးဆုတောင်းပြည့်စေတီတော် ဗောဓိ တစ်ထောင်နှင့် အခြားသာသနိက အဆောက်အအုံများ တည်ထားဆောက်လုပ်လျက်ရှိသည်မှာ သာသနာတိုးတက် ထွန်းကားလျက် ရှိပါကြောင်း၊ ထိုကဲ့သို့ ဆရာတော်မှ အမျိုးဘာသာသာသနာတိုးတက် ထွန်းကားအောင်ဆောင် ရွက်နိုင်မှုကြောင့် ၂၀၁၄ ခုနှစ် နိုင်ငံတော်အစိုးရမှ သာသနာ့ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခြင်းခံခဲ့ရပါကြောင်း၊ ထိုကဲ့သို့ သာသနာထွန်းကားမှုကြောင့်လည်း မြေဧရိယာ ၉၁.၁၉ ဧကကို သာသာနာ့မြေအဖြစ် သက်ဆိုင်ရာအဆင့်ဆင့်သို့ လျှောက်ထားတင်ပြခဲ့ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူး၊မြို့နယ် အုပ်ချုပ်ရေးမှူး၊မြို့နယ် သာသနာရေး ဦးစီးမှူး၊တိုင်းသာသနာရေးဦးစီးမှူး၊ရပ်/ကျေးသံဃာနာယကအဖွဲ့၊မြို့နယ်သံဃာနာယကအဖွဲ့၊တိုင်းသံဃာနာယကအဖွဲ့တို့မှလည်း သာသ နာ့မြေ အဖြစ် မှန်ကန်ကြောင်း ထောက်ခံပေးခဲ့ကြပါကြောင်း၊ပန်းတောင်း မြို့နယ်၊ လက်ရဲတက်ကြိုးဝိုင်းဧရိယာသည် ၃၅၀၁ ဧကရှိ၍ သာသနာမြေအဖြစ် စွန့်လွှတ်ပြီးမြေ ဧကမှာ ၃၀.၅၆ ဧကဖြစ်ပါကြောင်း၊အခိုင်အမာတည်ထောင်ပြီး ဖြစ်သည့်ရွာမြေ၊လယ်မြေ၊သာသနာအများ ပိုင်မြေများကို သစ်တောကြိုးဝိုင်းမြေမှ ပယ်ဖျက် ခဲ့ခြင်း ဖြစ်ကြောင်း ၊သစ်တောကြိုးဝိုင်းမြေမှ သာသနာမြေအဖြစ် စွန့်လွှတ်နိုင်သည့် လုပ်ထုံးလုပ်နည်းရှိ၍ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျှင် ဖြစ်နိုင်ခြင်း၊ ပကတိ သာသနာ ထွန်းကားနေခြင်း၊ အခိုင်အမာ တည်ထောင်ပြီးဖြစ်ခြင်း ဘာသာသာသနာသည် အများအားဖြင့် လူ့အဖွဲ့အစည်းကို ထိန်းကျောင်း တည့် မတ်နိုင်သည့်အတွက်ကြောင့် သာသနာတိုးတက် ထွန်းကား ရန် လိုအပ်ခြင်းကြောင့် မေးမြန်းရခြင်း ဖြစ်ပါသည်။