(က)-ညောင်လေးပင်မြို့၊တောရကြီးပရိယတ္တိစာသင် တိုက်၊ပဓာနနာယကဆရာတော်ဘဒ္ဒန္တစန္ဒဝံသသည် ၁၉၇၅ခုနှစ်ကဓမ္မာစရိယစာမေးပွဲကိုဖြေဆိုအောင်မြင် ခဲ့ရာအောင်လက်မှတ်ပျောက်သွားပါသဖြင့် အောင် လက်မှတ်မိတ္တူပြန်လည်ရရှိရေးဆောင်ရွက်ပေးနိုင် ရန်နှင့်စပ်လျဉ်းသည့်မေးခွန်း
၁၉၇၃ ခုနှစ်တွင် သာသနာ့မဏ္ဍိုင်မှာ ဓမ္မာစရိယအောင်မြင်ပြီး ၁၉၈၂ ခုနှစ်မှာ မဟာဂန္ထဝါစက ဘွဲ့ချီးမြှင့်ခံရပါကြောင်း၊ ဓမ္မာစရိယအောင်လက်မှတ်ကို တပည့်တစ်ယောက်က သိမ်းထားခဲ့သည်မှာ ရှာလို့မတွေ့ ပျောက်နေပါကြောင်း၊ ၎င်းလက်မှတ်မရှိသည့်အတွက် တောရကြီး ကျောင်းတိုက်၏ ဂုဏ်ဒြပ်နှင့်ညီသည့်အစိုးရချီးမြှင့်သည့် ဘွဲ့လည်းလျှောက်လို့မရပါကြောင်း၊ ဘုန်းဘုန်းမှ အပိတ်ခံ နေရသည့်အတွက်ကျောင်းတိုက်တွင် ဓမ္မာစရိယအောင်သည့် စာသင်သားများမှလည်း ဘွဲ့မတင်ရဲ ကြပါကြောင်း၊ ကျောင်းတိုက်တွင် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) ရွှေကျင်ဂိုဏ်း ကျောင်းတိုက်များမှ ဘုန်းဘုန်းကျောင်းတွင် စာလာသင်ကြပါကြောင်း၊ သံဃာတော် ၁၀၀ ကျော်ရှိပါကြောင်း၊ ၎င်းတို့၏ ခရီးသွားလာရေး၊ ဆေးရုံတက်ရေး အခက်အခဲ၊ တန်ဆောင်မုန်းလဆုတ် (၂)ရက်နေ့တွင် ရွှေကျင် စာပြန်ပွဲရှိပါကြောင်း၊ ၎င်းတွင် သက်ကြီးဆရာတော်များ ကြိုရန်အတွက် ကားလိုအပ်ပါကြောင်း၊ သာသနာရေး(RG)ကားကို ဘွဲ့လက်မှတ်မပါ၍ လျှောက်လို့မရပါကြောင်း၊ ထို့ကြောင့် ရွှေကျင် ကျောင်းဂိုဏ်းဝင် အဓိပတိတောရကြီး ကျောင်းတိုက်ကြီး၏ လိုအပ်ချက်များ ဆောင်ရွက်ပေး နိုင်ရန် အတွက် ဆရာတော်ကြီး၏ ပျောက်ဆုံးနေသော ဘွဲ့လက်မှတ်ရရှိရေးအတွက် ဆောင်ရွက်ပေးနိုင် ခြင်းရှိ/မရှိ နှင့် ကျောင်းတိုက်၏ လိုအပ်ချက်များကိုလည်း ဆောင်ရွက်ပေးနိုင်ပါရန် မေးမြန်းပါသည်။