(က)-ဘီးလင်းမြို့နယ်၊ဝင်းကကျေးရွာတွင်ဆောင် ရွက်နေသော သုဝဏ္ဏဘူမိမြို့ဟောင်း ပြန်လည် တူးဖော်ခြင်း သုတေသနလုပ်ငန်းစီမံကိန်းနှင့်ပတ် သက်၍ဒေသခံပြည်သူများကို ပွင့်လင်းမြင်သာစွာ ချပြရှင်းလင်းပေးနိုင်မှုရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2021-01-03

ဦးတင်ကိုကိုဦး (ဘီးလင်း)မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းကကျေးရွာတွင် ဆောင်ရွက်နေသော သုဝဏ္ဏဘူမိမြို့ဟောင်း ပြန်လည်တူးဖော်ခြင်း သုတေသနလုပ်ငန်းစီမံကိန်းကို မည်သည့်ခုနှစ်မှ စတင်၍ မည်သည့်အခြေအနေထိ ဆောင်ရွက်ပါမည်၊ ဒေသခံပြည်သူများကို ပွင်‌့လင်းမြင်သာစွာ ချပြရှင်းလင်းမှုမရှိခဲ့ခြင်းမှာ မည်သည့်အတွက်ကြောင့်ဖြစ်သည်၊ စီမံကိန်းအား လှူဒါန်းမှုများနှင့်ပတ်သက်၍ ပွင်လင်းမြင်သာစွာ ဖော်ပြပေးနိုင်မှု ရှိ/မရှိနှင့် နိုင်ငံတော်ဘဏ္ဍာမှ  ကျခံသုံးစွဲမှုအခြေအ‌နေ၊ ဒေသခံ ပြည်သူများ၏ ဆုံးရှုံးနစ်နာမှုများနှင့် ပတ်သက်၍ လျော်ကြေး၊ နစ်နာကြေးများကို မည်သည့်စည်းကမ်းချက်များနှင့် မည်မျှပေးလျော်မည်နှင့် စီမံကိန်းအား ထိန်းသိမ်းစောင်‌့ရှောက်နိုင်ရေးအတွက် ဒေသခံပုဂ္ဂိုလ်များ ရွေးချယ်ရာတွင် မည်သည့်နည်းလမ်းဖြင့် ရွေးချယ်တာဝန်ပေးအပ်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။