(ခ)-ရွှေတောင်အမှတ်(၁)အထည်စက်ရုံ၏အနာဂတ် စီမံကိန်းကို အကောင်အထည်ဖော်သည့် အချိန်နှင့် စီမံကိန်း ပြီးစီးချိန်တို့တွင် ဒေသခံပြည်သူလူထု အနေနှင့်အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်မှု အခြေအနေများကို ပြည့်စုံစွာ သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း
၁၉၈၀ ကျော်နှစ်များနှင့် ၁၉၉၀ ပတ်ဝန်းကျင်နှစ်များက ရွှေတောင်မြို့သူမြို့သားများသာမက ပြည်ခရိုင် အတွင်းရှိမြို့နယ်များ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးမှ မြို့နယ်အချို့ကပါ ပြည်သူအများ လာရောက်ပြီး ရွှေတောင်ချည်မျှင်နှင့် အထည်စက်ရုံတွင် လာရောက်အလုပ်လုပ်ကိုင်ကြပါကြောင်း၊ ထု့ိပြင် စက်ရုံစတင်တည်ဆောက်စဉ်ကတည်းက သိမ်းဆည်းခဲ့ပြီး ၂၀၁၅ ခုနှစ်အထိ စီမံကိန်းအကောင်အထည် မဖော်ဘဲ ကျန်ရှိနေတဲ့မြေ ၁၇၄.၆၄ ဧကကို တောင်သူများက ပြန်လည်တင်ပြတောင်းခံရာတွင်လည်း သက်ဆိုင်ရာဌာနမှ စီမံကိန်းအကောင်အထည်ဖော်ရန်ရှိသည်ဟု ပြန်လည်ဖြေကြားထားပါကြောင်း၊ ထို့ကြောင့် မည်သည့်စီမံကိန်းများကို အကောင်အထည်ဖော်မည်၊ မည်သည့်အချိန်ကာလတွင် စီမံကိန်းစတင်မည်နှင့် စီမံကိန်းစတင်သည့်အချိန်နှင့် ပြီးစီးသည့်အချိန်များတွင် ဒေသခံပြည်သူများအတွက် ရရှိနိုင်မည့် အကျိုးကျေးဇူးများကိုပါ သိရှိလိုပါကြောင်း မေးမြန်းပါသည်။