(ခ)-နိုင်ငံတော်နှင့်အကျိုးတူဖက်စပ်လုပ်ကိုင်ခဲ့သော သစ်ကုမ္ပဏီများအနေဖြင့်သစ်တောစိုက်ခင်းများပြန် လည်စိုက်ပျိုးခြင်း၊ ပြုစုထိန်းသိမ်းခြင်းနှင့်သဘာဝပတ် ဝန်းကျင် ပျက်စီးမှုများအတွက် သစ်တောဦးစီးဌာန သို့ လျော်ကြေးပေး ဆောင်ခြင်းတို့နှင့် စပ်လျဉ်း သည့်မေးခွန
နိုင်ငံတော်၏ လိုအပ်ချက်အရ မြေပေါ်မြေအောက်သဘာဝ အရင်းအမြစ်များကို အလွန်အကျွံ ထုတ်ယူ သုံးစွဲလိုက်ကြပါကြောင်း၊၎င်း သဘာဝအရင်း အမြစ်များ ထဲတွင် ပြန် လည်ပြည့်ဖြိုးနိုင်သည့် မြေပေါ် သယံဇာတအရင်းအမြစ်သည် သစ်တောများကို ပြန်လည်ပြုစု ပျိုးထောင်ခြင်းဖြစ်ပါကြောင်း၊ သစ်တော ဥပဒေ၊နည်းဥပဒေများထဲမှ နည်းဥပဒေ ပုဒ်မ ၄၄ မှာ စီးပွားဖြစ် သစ်ထုတ်ယူခွင့်ရရှိသူသည် ခွင့်ပြုမိန့်အရ နိုင်ငံတော်အတွက် သစ်တောစိုက်ခင်း တည်ထောင်ခြင်း (သို့မဟုတ်) သဘာဝနည်းလမ်းဖြင့် သစ်တောပြုစု ပျိုးထောင်ခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးရန် တာဝန်ရှိလျှင် အပိုဒ်ခွဲ (က) သစ်ထုတ်လုပ်ခြင်းမပြုမီ ထုတ်ယူမည့် စီမံချက်ကို သစ်တောဦးစီးဌာနသို့ တင်ပြရမည်၊ အပိုဒ်ခွဲ (ခ) သစ်ထုတ်ယူသော သစ်ကွက်အတွင်း၌ သစ်တောစိုက်ခင်းကို မိမိကုန်ကျစရိတ်ဖြင့် ပြန်လည်စိုက်ပျိုးပေးရမည်၊ အပိုဒ်ခွဲ (ဂ) သစ်တောဦးစီးဌာနမှ လိုအပ်သည်ဟု သတ်မှတ်သော သစ်တောနယ်မြေအတွင်း သဘာဝသစ်တော ပြုစုပျိုးထောင်ခြင်း လုပ်ငန်းကို မိမိ၏ကုန်ကျစရိတ်ဖြင့် ဆောင်ရွက်ပေးရမည်၊အပိုဒ်ခွဲ (ဃ) သစ်တော ထွက်ပစ္စည်း ထုတ်ယူခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ပစ္စည်းပျက်စီးမှုများအတွက် သစ်တောဦး စီးဌာနသို့ လျော်ကြေးပေးရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နှင့် အကျိုးတူ ဖက်စပ်လုပ်ကိုင်ခဲ့သော ကုမ္ပဏီများအနေဖြင့် သစ်ထုတ်ယူသော သစ်ကွက်အတွင်း၌ သစ်တောစိုက်ခင်းများကို ကုမ္ပဏီ၏ကုန်ကျစရိတ်ဖြင့် ပြန်လည်စိုက်ပျိုးပေးခြင်း ရှိ/မရှိ၊သစ်တော ဦးစီးဌာနမှ လိုအပ်သည်ဟု သတ်မှတ်သော နယ်မြေအတွင်း သဘာဝသစ်တောပြုစု ထိန်းသိမ်းခြင်း လုပ်ငန်းများကို ယင်းကုမ္ပဏီတို့၏ ကုန်ကျ စရိတ်ဖြင့် ဆောင် ရွက်ပေးခြင်း ရှိ/မရှိ၊ သစ်တောထွက်ပစ္စည်း ထုတ်ယူခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများအတွက် သစ်တောဦးစီးဌာနသို့ အဆိုပါ ကုမ္ပဏီ များမှ လျော်ကြေးပေးခြင်း ရှိ/မရှိနှင့် နည်းဥပဒေ ၄၄ အပိုဒ်ခွဲ (ဃ) ပါ လျော်ကြေးဆိုသည်ကို ဤ နည်းဥပဒေနှင့်အညီ မည်သည့်နှုန်းထားများဖြင့် သတ်မှတ်ညွှန်ကြားခဲ့သည်ကို သိရှိလို ပါကြောင်းမေးမြန်း ပါသည်။