(င)-ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိလမ်း (၁၀) လမ်းအား အမြန်ဆုံး ခင်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
မိမိအနေဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တာဝန်ဖြင့် မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံရာတွင် လျှပ်စစ်မီး ပြည့်ဝစွာ ရရှိရေး၊ သောက်သုံးရေပုံမှန် လုံလောက်စွာ ရရှိရေး၊ လမ်းပန်း ဆက်သွယ် ရေး ကောင်းမွန်ရန်အတွက် လမ်းများ ခင်းပေးရန်နှင့် ရေစီးရေလာ ကောင်းမွန်စွာ ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြပါကြောင်း၊ ထို့ကြောင့် မဲဆန္ဒရှင်ပြည်သူများမှ တောင်းဆိုခဲ့သော ရတနာ ပုံပတ်လမ်း (၅၄) ရပ်ကွက်မှ ကျန်စစ်သားလမ်း အထိတစ်ပိုင်း၊ ကျန်စစ်သားလမ်းမှ ရိုးမရိပ်သာ လမ်းအထိတစ်ပိုင်းနှင့် လှော်ကားလမ်း ရိုးမရိပ်သာလမ်းမှ အမှတ်(၂)လမ်းမကြီး အထိတို့သည် မြေသားလမ်းများဖြစ်၍ အသစ်ခင်းပေးပါရန်နှင့် ပင်လုံလမ်း၊ ရိုးမရိပ်သာလမ်း၊ ဘုရင့်နောင်လမ်း၊ ပြည်ထောင်စုလမ်းသွယ်၊ ပြည်ထောင်စုလမ်း၊ မြိတ်လမ်း၊ ကျန်စစ်သားလမ်း၊ ရတနာပုံမှ အမှတ်(၂)လမ်းမကြီးအထိတို့သည် ကွန်ကရစ်ခင်းလမ်းဟောင်းများဖြစ်ပါ၍ ပျက်စီးနေမှုများကို ပြန်လည်ပြင်ဆင် ဆောင်ရွက်ပေးပါရန်တို့ိကို ဆောက်လုပ်ရေး ဝန်ကြီးဌာနမှဖြစ်စေ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့မှဖြစ်စေ အမြန်ဆုံး ခင်းပေးရန်၊ ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့် အချိန်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။