(ဈ)-ပုဏ္ဏားကျွန်းမြို့နှင့်ကင်းချောင်းတစ်ဖက်ကမ်းရှိ ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီးအားဆက် သွယ် ထားသော သစ်သားကြိုးတံတားကို ကွန်က ရစ်တံတားအဖြစ်တည်ဆောက်ပေးရန်အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ပုဏ္ဏားကျွန်းမြို့သည် စစ်တွေမြို့မှ ရေလမ်း ၁၆ မိုင်၊ ကားလမ်း မိုင် ၂၀ ဝေးသည့် ပြည်ထောင်စုကားလမ်းပေါ်ရှိ သောမြို့ဖြစ်ပါကြောင်း၊
မြို့၏ တောင်ဘက်တွင် ကမ်းချောင်း ရှိပါ ကြောင်း၊ ချောင်းတစ်ဖက် တွင် ရခိုင်ပြည်နယ်၏ ဉာဏ်တော်အကြီးဆုံးနှင့် အထွတ်အမြတ်စေတီ အဖြစ် ထင်ရှားသည့် ဦးရာဇ်တောင်ဓာတ်စေတီတော်မြတ်ကြီး နှင့် ပုဏ္ဏားကျွန်းစက်မှုဇုန် လည်း ရှိပါကြောင်း၊ ရွာပေါင်း ၁၄ ရွာ၏ ရွာချင်းဆက်လမ်းတံတားလည်း ဖြစ်ပြီး နိုင်ငံတော်အကြီးအကဲများ ၊ ကမ္ဘာလှည့်ခရီးသည်များ၊ တိုင်းနှင့်ပြည်နယ် အသီးသီးမှ ဘုရားဖူးပြည်သူတွေ မြို့သူမြို့သားများသည် ၎င်းကြိုးတံတားကို ဖြတ်ကျော်ပြီးမှ ဘုရားဖူးရပါကြောင်း၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေးအတွက် အမြဲသွားလာနေကြရပါကြောင်း၊ အလျားပေ ၃၅၀ ရှိသည့် ၎င်းကြိုးတံတားသည် ၂၅ နှစ် ကြာမြင့်ပြီဖြစ်သဖြင့်ဟောင်းနွမ်းပြီး အန္တရာယ်ရှိသည့် အခြေအနေကို ရောက်ရှိနေပြီဖြစ်ပါ ကြောင်း၊ တစ်ချိန်ချိန်တွင် ကြိုးတံတား ပြိုကျပြီး လူအများ၏ အသက်များဆုံးရှုံးသွားနိုင်ပါသဖြင့် လူအများ၏ အသက်အန္တရာယ် ကို ခြိမ်းခြောက်လျက်ရှိသည့် ၎င်းကြိုးတံတားအစား ကွန်ကရစ်တံတား အဖြစ် အမြန်ဆုံးတည်ဆောက် ပေးရန်အစီအစဉ်ရှိ/မရှိ ကိုသိရှိလိုပါကြောင်းမေးမြန်းပါသည်။