(က)-ချီဖွေမြို့နယ်၊ နယ်စပ်ကန်းဖန့် ကျေးရွာအုပ်စု၊ မှီရှီးဒီးငေါ့ချန်း ချောင်းကူးတံတား ပေ ၁၆၀ ခန့်ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် သံပေါင်ဘေလီ တံတားအဖြစ် တိုးမြှင့်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-03

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်သည် တိုင်းရင်းသား လက်နက်ကိုင် ကချင်အထူးဒေသ(၁) အဖွဲ့အစည်းကို ယုံကြည်မှု တည်ဆောက်၍ ထာဝရငြိမ်းချမ်းရေးရယူကာ ဥပဒေဘောင်နှင့်အညီ အသွင်ကူးပြောင်းထားသော ဒေသတစ်ခု ဖြစ်ပါကြောင်း၊  ချီဖွေမြို့နယ်တွင် ယခင် ပါလီမန်ခေတ် တွင် ဖီမော်၊ ဂလန်၊ ကန်းဖန့် ဒေသအချို့ကို တရုတ်နိုင်ငံသို့ လွှဲအပ်ခဲ့ပါကြောင်း၊ လွှဲအပ်ခဲ့သည့် ဒေသများသည် ယခုအခါ လမ်းတံတားများ ဖွံ့ဖြိုး တိုးတက်ခဲ့သော်လည်း မြန်မာနိုင်ငံဘက် ကျန်ရှိနေသည့် ဖီမော်၊ ဂလန်၊ ကန်းဖန့် ဒေသတို့သည်  ဆင်းရဲနွမ်းပါးလျက်ရှိသည်ကို တွေ့ရှိရပါ ကြောင်း၊ ကျန်ရှိနေသည့် နယ်စပ်ကန်းဖန့်  ကျေးရွာအုပ်စုရှိ မှီရှီးဒီးငေါ့ချန်း ချောင်းကူး တံတား ပေ ၁၆၀ ခန့်သည် ပြည်သူများ ကိုယ်ထူကိုယ်ထ သစ်လုံးဘောင်တင်ထားသည့် တံတားဖြင့် မော်တော် ကားနှင့် လူများသွားလာနေကြခြင်း ဖြစ်ပါကြောင်း၊ သစ်လုံးဘောင်များသည် ဆွေးမြည့်၍ အန္တရာယ်များ ရှိလာသည့်အတွက် ၎င်းတံတားကို တည်ဆောက်ပေးရန် ယခင်လည်း တင်ပြခဲ့ပြီး ဖြစ်သော်လည်း နယ်စပ်ရေးရာ ဝန်ကြီးဌာနတွင် ဘတ်ဂျက် အားနည်းနေမှုကြောင့် မဆောင်ရွက် နိုင်သေးနိုင်သည်ကို သိရှိရပါသည့်အတွက် နယ်စပ် ကန်းဖန့်ကျေးရွာအုပ်စုရှိ မှီရှီးဒီးငေါ့ချန်း ချောင်းကူးတံတား    ပေ ၁၆၀ ခန့်ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် သံပေါင် ဘေလီတံတား အဖြစ်တိုးမြှင့် တည်ဆောက်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ /မရှိကို ဒေသခံပြည်သူများ၏ ကိုယ်စား မေးမြန်းပါသည်။