(ဇ)-ကျိုက္ကဆံချောင်းနှင့်သံသုမာလမ်းဖြတ်ရေမြောင်း သည် အကွေ့အကောက်များသောကြောင့် ရေလျှံမှု များဖြစ်ပေါ်နေမှုအပေါ် သက်ဆိုင်ရာဌာနအနေဖြင့် မည်သို့ စီစဉ်ထားသည်ကို သိလိုခြင်းနှင့်စပ်လျဉ်း သည့် မေးခွန်း
ရန်ကင်းမြို့နယ်မှရေများ၊ သင်္ဃန်းကျွန်းမြို့နယ်မှရေများသည် ကျိုက္ကဆံချောင်းထဲ မှတစ်ဆင့် တောင်ဥက္ကလာပမြို့ထဲသို့ စီးဝင်ပါခြင်းကြောင့်
ကျိုက္ကဆံချောင်းငယ်၏အဆုံး ငမိုးရိပ်ချောင်းထဲကို စီးဝင်ပါကြောင်း၊ ငမိုးရိပ်ချောင်းသို့ ဝင်ခါနီးသံသုမာ ကားလမ်းမကြီးကို ဖြတ်သည့်အခါ သံသုမာလမ်းမကြီးကို ဖောက်ထားသည့် ကာပတ်ကိုဖြတ်ရပြီး ၉၀ ဒီကရီ နီးပါးကောက်သွားသည့်အတွက် ရေစီးကြောင်းထဲရှိ အမှိုက်များကိုလည်း စစ်သကဲ့သို့ ဖြစ်သွားပါကြောင်း၊ တောင်ဥက္ကလာပမြို့နယ် မြို့နယ်သုံးခုမှ စီးဆင်းသည့်ရေများသည် အဝတွင်ပိတ်နေခြင်း ဖြစ်ပါကြောင်း၊ ယခု စည်ပင်ဝန်ထမ်းများမှ အမှိုက်များကို ရှင်းထားပြီးဖြစ်ပါကြောင်း၊ ရေစီးကြောင်း နှေးသည့်အတွက်ကြောင့် အမှိုက်များကို ရှင်းသော်လည်း မကြာခင်ပြန်ပြည့်လာမည် ဖြစ်ပါကြောင်း၊ ကျိုက္ကဆံချောင်းသည် သံသုမာလမ်းမကြီးကို ဖြတ်ရမည့်လမ်းကြောင်းမှ ကားပတ်ကိုဖောက်လုပ် ပေးစေလိုပါကြောင်း၊
ယခုလို ဖောက်လုပ်ပေးမည်ဆိုပါကလည်း ဘဏ္ဍာငွေလည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ကားပတ်လမ်းကြောင်း အမှန်ဖြစ်သွားခဲ့လျှင်လည်း မြေကွက်များများစွာ ထွက်လာမည်ဖြစ်ပြီး လမ်းကြောင်းအမှန် ဖောက်ရန်အတွက် အိမ်ကွက်များနှင့်လည်း လွတ်ရန်လိုပါကြောင်း၊ သို့ဖြစ်ပါ၍ တောင်ဥက္ကလာပမြို့နယ် အပါအဝင်မြို့နယ်သုံးခု၏ ရေများကို သယ်ဆောင်နေသည့် ကျိုက္ကဆံချောင်း ငယ်၏ ရေစီးချောင်းအမှန်ကို ဖောက်လုပ်ပေးနိုင်ပါရန်နှင့် မည်သို့စီစဉ်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။