(ဃ)-နိုင်ငံသားမှတ်ပုံတင်စိစစ်ရေးကတ်ပြားများ ကိုကွန်ပျူတာဖြင့် ရိုက်နှိပ်ပြီး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
2021-01-04
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ရုံးများတွင် နိုင်ငံသားမှတ်ပုံ တင်ကတ်ပြားများကို လက်ရေးနှင့် ရေးသားပြီး ထုတ်ပေးနေသည်ကို သိရှိနေရ ပါကြောင်း၊ မိမိတို့ နိုင်ငံအနေနှင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင်ရှိသော နိုင်ငံများနှင့် ယှဉ် တွဲနေနိုင်ရေး၊ နိုင်ငံရေးကတ်ပြားများ စနစ်တကျရှိရေးတို့အတွက် နိုင်ငံအတွင်း ဖွင့် လှစ်ထားသော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ခေတ်မီကွန်ပျူတာ များတပ်ဆင်ပြီး နိုင်ငံသားမှတ်ပုံတင်စိစစ်ရေးကတ်ပြားများကို ကွန်ပျူတာများနှင့် ရိုက်နှိပ်ပြီး ဆောင်ရွက်ပေးရန် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်ကာလ တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။