(င) - ဆောမြို့နယ်၊ ကျောက်ထုမြို့ ဒေသတွင်း ရှိယောမြောင်းကြီးသည် ၂၀၁၅ ခုနှစ်တွင်မိုးရွာ သွန်းပြီး ချည်ချောင်း ရေတိုက်စားမှုကြောင့်ပျက်စီး သွား သည့်မြောင်းပေါင်များရေရှည်ခိုင်ခံ့စေရန်နိုင် ငံတော်မှ အမြန်ဆုံးပြန်လည် တည်ဆောက်ပေး ရန်နှင့် စပ်လျဉ်းသည့် မေးခွန်း
မကွေးတိုင်း ဒေသကြီး၊ ဆောမြို့နယ်၊ ကျောက်ထုမြို့ဒေသအတွင်းရှိ ကျေးရွာပေါင်း ၁၇ ရွာ၊ လယ်ဧကပေါင်း ၁၂၀၀ ဧကခန့်အတွက်
မိုးရာသီတွင် စပါးနှင့် ဆောင်းရာသီ တွင် မြေပဲ၊ ကြက်သွန်၊ နေကြာတို့ကို စိုက်ပျိုးရန် အားထားရသည့် ယောမြောင်းကြီးသည့် ၂၀၁၅ ခုနှစ်တွင် မိုးကြီး သည်းထန် စွာရွာသွန်းပြီး ချီချောင်းရေတိုက်စား မှုကြောင့် တောင့်ထက်ကျေးရွာ ဘုန်းကြီးကျောင်း တောင်ဘက် မြောင်းပေါင် ပေ ၄၀၀နှင့် ရေလွှဲတံခါး ၁၅ ပေ ပျက်စီးခဲ့ပါကြောင်း၊ ထို့အပြင် ပြင် လယ် ကျေး ရွာ တောင် ဘက် မြောင်းပေါင် ပေ ၅၀၊ အလျား ၂၅၅ ပေ၊ အမြင့် ၂၀ ပေ ပျက်စီးခဲ့မှုလည်း ဖြစ်ပေါ်ခဲ့ ပါကြောင်း၊ ထိုသို့ ပျက်စီး သွား သည့်မြောင်းပေါင်များကို သစ်တုံး၊ လင်းတုံး၊ မိုးကာ များဖြင့် ခက်ခဲစွာ ရေသွယ် စိုက်ပျိုးနေရခြင်း၊ မြောင်းပေါင်များ ရေရှည်ခိုင်ခန့်စေရန် လယ်သမားများ၏ ငွေကြေး အင်အားဖြင့် ဆောင်ရွက်နိုင်မှု မရှိခြင်း တို့ကြောင့် နိုင်ငံတော်မှ အမြန်ဆုံး ပြန်လည်တည်ဆောက် ပေးပါရန်ကိုလည်းကောင်း၊ ပြန်လည် တည်ဆောက်ခြင်း ရှိ/မရှိနှင့် ပြန်လည်တည် ဆောက်မည် ဆိုပါက မည်သည့် အချိန်တွင် ဆောင် ရွက်ပေးနိုင် မည် တို့ကို လည်းကောင်း သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။