(ဂ)-ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(တောင်ပိုင်း) အတွင်းရှိလဂွန်းပြင်ရေပေးဝေရေးစီမံကိန်းကိုအမြန် ဆုံးအကောင်အထည်ဖော်ပြီးပြည်သူလူထုသောက် သုံးရေရရှိရေးအတွက်အမြန်ဆုံးဆောင်ရွက်ပေးနိုင် ပါရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ဒဂုံမြို့သစ်(တောင်ပိုင်း) လဂွန်းပြင်ရေပေးဝေရေးစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊
ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ(JICA) တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ စီမံကိန်းပြီးစီးပါက လဂွန်းပြင်ရေလှောင်တမံမှ တစ်နေ့လျှင် ရေဂါလန် သန်း ၄၀ ထုတ်ယူသုံးစွဲရေး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ သုံးခွကျေးရွာအနီး တည်ရှိသည့် လဂွန်းပြင်ရေပေးဝေ ရေးစီမံကိန်းရေသန့်စင်စက်ရုံမှ နေ့စဉ် ဒဂုံမြို့သစ်(တောင်ပိုင်း) သို့ ရေဂါလန် ၇ သန်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) သို့ ရေဂါလန် ၅ သန်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) သို့ ရေဂါလန် ၈ သန်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) သို့ ရေဂါလန် ၇ သန်း၊ သာကေတမြို့နယ်သို့ ရေဂါလန် ၂ သန်း၊ ဒေါပုံမြို့နယ်သို့ ရေဂါလန် ၁ သန်း၊ သီလဝါအထူးစီးပွားရေးဇုန်သို့ ရေဂါလန် ၁၀ သန်း ပေးပို့နိုင်မည်ဟုသိရှိရပါသဖြင့် ပြည်သူ များအတွက် အကျိုးဖြစ်ထွန်းစေသော စီမံကိန်းဖြစ်ပါကြောင်း၊ ၎င်း စီမံကိန်းကို ၄-၅-၂၀၁၃ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် လဂွန်းပြင်ဆည်မှ ရေသွယ်ယူမှု၊ ရေတံခါး၊ အကြိုအနည်ထိုင်ကန်၊ ရေသန့်စင် စက်ရုံနှင့် ရေသန်စင်ကန်များ၊ ရေသွင်းစက်ရုံ၊ သဲရေစစ်ကန်၊ ရေပိုက်သွယ်ခြင်း၊ ရေယိုအဆောက်အအုံနှင့် လျှပ်စစ် သွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပါကြောင်း၊ ရေသွင်းစက်တည်ဆောက်ခြင်း၊ ရေပို့ပိုက်လိုင်းများနှင့် အိမ်သွယ်ရေပိုက်လိုင်းများ အသစ်သွယ်တန်းခြင်းနှင့် ရေပေးဝေရေး ကန့်သတ်ဧရိယာ စနစ် တည်ဆောက်ခြင်း သာကျန်ရှိပါကြောင်း၊ သို့သော် စီမံကိန်းပြီးစီးမည့်ကာလကို ၂၀၂၂ ဟု သတ်မှတ်ထားပါသဖြင့် ပြည်သူများအကျိုးခံစားခွင့် နှောင့်နှေးသလိုဖြစ်နေပါသောကြောင့် လဂွန်းပြင်ရေပေးဝေရေး စီမံကိန်းမှ ရေပေးဝေမှုကို ၂၀၁၈ ခုနှစ်တွင် စတင်ပေးဝေနိုင်အောင် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်းနှင့် ပေးဝေနိုင်ခြင်းမရှိပါက မည်သည့်အကြောင်းကိစ္စကြောင့်ဖြစ်သည်ကို သိရှိလို ပါကြောင်း၊ မေးမြန်းပါသည်။