(င)-ဆားလင်းကြီးမြို့နယ်အတွင်းကျောက်မျက်ကျေး ရွာရှိရပ်နားထားသောချင်းတွင်းလျှပ်စစ်မြစ်ရေတင် စီမံကိန်းကို ရုပ်သိမ်း၍ စိုက်ပျိုးမြေများ အဖြစ် ပြန်လည်ပြုပြင်ပေးပြီးသက်ဆိုင်ရာတောင်သူများသို့ ပြန်လည်ပေးအပ်ရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း
လျှပ်စစ်မြစ်ရေ တင်စီမံကိန်း၏ ရေစုပ်စက်ပိုင်းဆိုင်ရာ အချက်အလက်များကို ဖော်ပြသည့် ဇယားဖြစ်ပါကြောင်း၊ ၃၀ ကျူ့စက် ၇ လုံးနှင့် ၉
ကျူ့စက် ၉ လုံး စုစုပေါင်း ရေစုပ်စက် ၁၆ လုံးပါဝင်ပါကြောင်း၊ ကျူ့စက်ဆိုသည်မှာ 315 Per-second ပါ စက်မှတစ်စက္ကန့်တွင် ထွက်သည့် ရေထုပမာဏကို ကုဗပေဖြင့်တွက်ပြထားခြင်း နောက်တစ်နည်းဖြစ်သည့် တစ်နာရီကို ရေဂါလံမည်မျှထွက်သည်ကိုလည်း ဖော်ပြပေးလို့ရပါကြောင်း၊ ရေကကုဗပေတစ်ပေတွင် ၆၂.၄ ပေါင်လေးပါကြောင်း၊ ဒါကတော့ မြောင်းပိုင်းဆိုင်ရာ အချက်အလက် ဖြစ်ပါကြောင်း၊ မူလက လယ်ယာမြေများသည် ရေမြာင်းနှင့် မြောင်းပေါင်များဖြစ်သွားကြောင်း၊ ချင်းတွင်းမြစ်ရေတက်သောကြောင့် အနောက်ဘက်ကမ်းမှ ၎င်း ပေါင်များကြောင့် ရေပိုကြီးပြီး ရေဘေးဒုက္ခသည်များ ဖြစ်ကြရပါကြောင်း၊
ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းမှာလည်း မုံရွာမြို့ကြီးရှိပါကြောင်း၊ ၎င်းမြို့ထဲရေမဝင်အောင် အုတ်တံတိုင်းကြီးခတ်နိုင်ပါကြောင်း၊ အုတ်တံတိုင်းကြီးခတ်ထားခြင်းကြောင့် ကားများသွားလာနိုင်ပါကြောင်း၊ ရေကြီးသည့်အခါ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းကို ရောက်သွားပါကြောင်း၊ ချင်းတွင်းမြစ်အနောက် ဘက်ကမ်းမှာလည်း တင်ပြထားသည့်အတိုင်း ယခုလို ဆည်မြောင်းတာတမံများ လုပ်ကြကြောင်း၊ နောက်တစ်ချက်က ကြေးနီစီမံကိန်းရှိသည့်အတွက် စီမံကိန်းထဲရေမဝင်အောင် ယခုလို မြေပေါင်ကြီးများ လုပ်ရကြောင်း၊ မြေပေါင်လုပ်သည့်အခါတွင် မြောင်းတူးရသောကြောင့် မြောင်းကြီးများလည်းဖြစ်ကြောင်း၊ တချို့နေရာများတွင် အုတ်တံတိုင်းလည်း ခတ်သည်ကို တွေ့ရှိရပါကြောင်း၊ ကျေးရွာများတွင် ရေကြီးသည့် ဒဏ်ကိုလည်းခံရပါကြောင်း၊ ရေကြီးသည့်အတွက် လယ်မြေများ ပျက်စီးခြင်းကြောင့် ချင်းတွင်းလျှပ်စစ်မြစ်ရေ တင်စီမံကိန်းကိုရုတ်သိမ်း၍ မူလအတိုင်းစိုက်ပျိုးမြေများအဖြစ် ပြန်လည်ပြုပြင်ဆောင်ရွက်ပေးပြီး သက်ဆိုင်ရာ တောင်သူများသို့ ပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။