(ဋ)-သာစည်မြို့နယ်၊လှိုင်းတက်ကျေးရွာအုပ်စု၊စိုက် ပျိုးရေးကျေးရွာပိုင်မြေနေရာကိုဝန်ကြီးဌာနပိုင်မြေ အဖြစ်မှ စွန့်လွှတ်ပြီး ကျေးရွာပိုင်မြေနေရာ အဖြစ် သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်း သည့်မေးခွန်း
သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာ အုပ်စု စိုက်ပျိုးရေးကျေးရွာသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး
ဌာနပိုင်မြေဖြစ်ပြီး နေထိုင်သူအများစုသည် အစိုးရပိုင်စိုက်ပျိုးရေးခြံ အလုပ်သမား များဖြစ် ပါကြောင်း၊ စိုက်ပျိုးရေးကျေးရွာ တွင် အိမ်ခြေ ၂၁၉ အိမ်၊လူဦးရေ ၁၃၀၀ ကျော် နေထိုင်လျက်ရှိပါကြောင်း၊ ၎င်းကျေးရွာသည် ပြည်ထဲရေးဝန်ကြီးဌာနတွင် အမည်ပေါက်ခွင့်ပြုမိန့် ရရှိပြီဖြစ်ကြောင်း၊ စိုက် ပျိုးရေးကျေးရွာတွင် လူများ တိုးပွားလာသဖြင့် အိုးအိမ်များ တိုးချဲ့ဆောက်လုပ်ရန် လိုအပ်နေပါကြောင်း၊ ကျေးရွာပိုင်မြေနေရာမဟုတ်သည့်အတွက် အိုးအိမ်သစ်များဆောက် လုပ်ခြင်း၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ခြင်း၊ ဘာသာရေး အဆောက် အအုံများ ဆောက်လုပ်ခြင်း၊ ကျေးရွာပိုင် လျှပ်စစ်ထရန်စဖော်မာတပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန် အခက်အခဲများ ဖြစ်နေပါကြောင်း၊ ထို့ကြောင့် လှိုင်း တက်ကျေးရွာအုပ်စု၊ စိုက်ပျိုးရေးကျေးရွာပိုင်မြေနေရာတွင် လက်ရှိနေ ထိုင်သော ဧက ၃၀ နှင့် တိုးချဲ့မြေ ၁၅ ဧက စုစုပေါင်း ၄၅ ဧကအား ဝန်ကြီးဌာနပိုင် မြေအဖြစ် မှ စွန့်လွှတ်ပေးရန် နှင့် ကျေးရွာပိုင်မြေ အဖြစ်သို့ သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ ကို သိရှိ လိုပါကြောင်း မေးမြန်းခဲ့ပါသည်။