(ဂ)-ပင်လောင်းမြို့ရှိရင်းမှီးရပ်ကွက်နှင့်ကိုးခေါင်ရပ် ကွက်၊နောင်တရားမြို့ရှိမြို့ဧရိယာ(၂၇၀၉)ဧကနှင့် ရပ်ကွက် (၃)ရပ်ကွက်၊ ပေါင်းလောင်းမြို့ ရပ်ကွက် (၆) ရပ်ကွက်တို့အား မြို့ကွက်များဖြင့် စနစ်တကျ တည်ရှိနိုင်ရေး တိုင်းတာပေးရန် နှင့် စပ်လျဉ်း သည့်မေးခွန်း
ပင်လောင်းမြို့နယ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၁ အရ ပင်လောင်းမြို့၊နောင်တရားမြို့နှင့် ပေါင်းလောင်းမြို့ စသည့်မြို့သုံးမြို့နှင့် ရပ်ကွက် ၁၉ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၉ အုပ်စု၊ ကျေးရွာ ပေါင်း ၄၃၂ ရွာဖြင့် ဖွဲ့စည်းထားသော မြို့ဖြစ်ပါကြောင်း၊ ပင်လောင်းမြို့ကို ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၁-၂-၀၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအရ ရပ်ကွက် ၁၀ ရပ်ကွက်ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ရာ တိုင်းတာခြင်း မပြုရသေးသော ရင်းမှီးရပ်ကွက်နှင့် ကိုးခေါင်ရပ်ကွက်တွင် အိမ်ပေါင်း ၇၁၂ အိမ် ကျန်ရှိ နေပါကြောင်း၊ နောင်တရားမြို့ကို ပြည်ထဲရေးဝန်ကြီးဌာန ၂၁-၁-၀၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအရ ရပ်ကွက်(၃)ရပ်ကွက် ဖြင့်ဖွဲ့စည်းထားပြီး အိမ်ခြေပေါင်း ၉၀၁ အိမ်နှင့် မြို့ဧရိယာ ၂၇၁၉ ဧက တိုင်းတာ ရန် ကျန်ရှိနေပါကြောင်း၊ ၎င်းမြို့သည် ယခင် မြို့နယ်ခွဲဖြစ်ပြီးအစိုးရရုံးစိုက်သည့် မြို့တစ်မြို့ဖြစ်ပါ ကြောင်း၊ ပေါင်းလောင်းမြို့သည် ပြည်ထဲရေးဝန်ကြီးဌာန ၏ ၂၃-၆-၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာ အရ ရပ်ကွက် (၆)ရပ်ကွက်နှင့် ဖွဲ့စည်းပေးထားခြင်းဖြစ် ပါကြောင်း ၊ ပေါင်းလောင်းမြို့သည် နေပြည်တော် နှင့် ပင်လောင်းမြို့အကြားရှိ ဟိုကုန်းရွာကို ဗဟိုပြုပြီး အထက်ပေါင်းလောင်းရေအား လျှပ်စစ်တမံ တည်ဆောက်သည့်နေရာ တွင် ရေဝပ် ဧရိယာ ကို ရောက်ရှိ သွားသည့် ကျေးရွာပေါင်း ၂၂ ရွာကို စုစည်းပြီး မြို့အဖြစ်တည်ထောင်ပေးထားသော မြို့သစ်ဖြစ်ပါကြောင်း၊ လိန့်လိမ့်ကြိုး တံတားလည်း ရှိပါကြောင်း၊ အဆိုပါ မြို့များကို ကွက်စိပ်/ကွက်ကြဲများ တိုင်းတာခြင်း မပြုလုပ်ရသေးပါကြောင်း၊ မိမိသိလိုသည်မှ ပင်လောင်း၊ နောင်တရားနှင့် ပေါင်းလောင်းမြို့များအား မြို့ကွက်များစနစ်တကျ ရှိရန် အတွက် ကွက်စိပ်/ကွပ်ကြဲတိုင်းတာပေးနိုင်ရန်အစီအစဉ်ရှိ/မရှိနှင့် ရှိပါကလိုအပ်သော ဝန်ထမ်း အင်အား နှင့် ဘတ်ဂျက်လျာထားချက်များကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် သတ်မှတ်ထားခြင်း ရှိ/မရှိ တို့ကိုသိလိုကြောင်း မေးမြန်းပါသည်။