(စ)-မောက်မယ်မြို့နယ်၊ စဉ့်ဝင်ကျေးရွာအုပ်စု၊ စေ တီဖြူရွာ၊နမ့်ယွန်းချောင်းကူးသစ်သားတံတားကြီးပြန် လည်ပြုပြင် ဆောက်လုပ်နိုင်ရေးအတွက်မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးမည်ကိုသိလိုခြင်းနှင့်စပ်လျဉ်း သည့် မေးခွန်း
2021-01-04
စဉ့်ဝင်ကျေးရွာအုပ်စု၊ နမ့်ယွန်းချောင်းကူးသစ်သားတံတားကြီးသည် ပေ ၂၆၄ ပေရှည်လျားပြီး စည်ပင် သာယာနယ်နိမိတ်လည်းမဟုတ် ပ.ဆ.င ပိုင် တံတားလည်းမဟုတ်သဖြင့် ကျေးရွာလူထုမှ ယနေ့တိုင် ကိုယ့်အားကိုယ်ကိုးခြင်း၊ စုပေါင်းပြုပြင်နေရဆဲဖြစ်ပါကြောင်း၊ ယခုအခါ ပျက်စီးယိုယွင်းမှု အနေအထား ပိုမိုဆိုးရွားလာပြီး အန္တရာယ်ရှိသော သစ်သားတံတားတစ်စင်းအဖြစ်သို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ဤနမ့်ယွန်းချောင်းကူးသစ်သားတံတားကြီး ပြင်ဆင်ဆောက်လုပ်နိုင်ရေးအတွက် မိမိအနေဖြင့် တတိယအကြိမ် တင်ပြတောင်းဆိုရခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အန္တရာယ်ရှိသစ်သားတံတားကြီးကို နိုင်ငံတော်က မည်သို့ ကူညီဆောင်ရွက်ပေးမည်နှင့် မည်သည့်ဘဏ္ဍာရေးနှစ်တွင် အပြီး ဆောက်လုပ်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။