(ဃ)-ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှတာဝန် ယူဆောက်လုပ်ထားသောလမ်း၊တံတားများအချိန်တို အတွင်း ပျက်စီးနေပါသဖြင့် ကုမ္ပဏီများအား ပြန် လည်ပြုပြင်စေခြင်းမရှိပါကတရားစွဲဆိုခြင်း၊နာမည် ပျက် စာရင်းသွင်းခြင်း ပြုလုပ်ရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း
ကျေးရွာတော်တော်များများတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူ ဆောက်လုပ်ခဲ့သော
လမ်း၊တံတားများ၊အခြေခံအဆောက်အဦများသည် ဆောက်လုပ်ပြီးမကြာခင်တွင် ပျက်စီးသည်ကိုတွေ့ရှိရပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ ထံသို့ တွေ့ ဆုံမေးမြန်း ရာတွင်လည်း ပြုပြင်ပေး မည်ဟု ပြောပါကြောင်း၊ သို့သော် မူရင်းဆောက်လုပ်သော ကုမ္ပဏီများက ပြင်ဆင်ခြင်း မဟုတ်ဘဲ နိုင်ငံတော်၏ ဘဏ္ဍာငွေတွေကို ထပ်မံတောင်းခံ ပြုပြင်နေသည်ကိုတွေ့ရှိရသည့်အတွက် တာဝန်ယူ ဆောက် လုပ်နေသော ကုမ္ပဏီများကို အရေအသွေး စစ်ဆေးခြင်းနှင့် ပြုလုပ်ပေးရန်အတွက် ပြန်လည် ကြပ်မတ်ပေးရန် မေးမြန်းခြင်းဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ထိုသို့ ဆောင်ရွက်ရန် အစီအစဉ်တွေ ရှိနေပြီဖြစ်သော်လည်း မရရှိသေးသော အခြေခံအဆောက်အဦတွေကို အမြန် ပြည် လည်ဖြည့်ဆည်း ပေးနိုင်ရန် ဘဏ္ဍာငွေများအလေအလွင့်မရှိရန် စီစဉ်ကြီးကြပ်ရန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိစေရန်ရည်ရွယ်ချက်များဖြင့် မေးမြန်းခြင်းဖြစ်ပါကြောင်း၊
တံတားပုတ္တလုတ်စစ်တန်းလမ်းသည် နှစ်မိုင်အကွာအဝေးကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် Mother Company Ltd က သန်းပေါင်း ၂၀၉.၂၂၄ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် တံတားစစ်တန်း ပုတ္တလုတ်-မရမ်းပေးလမ်း ၃ မိုင် အကွာအဝေးကို AMG Company က ကျပ်သန်းပေါင်း ၃၄၇.၅၆ သန်း ပြန်လည် ပြီးတော့တောင်းခံပြီး တံတားစစ်တန်းပုတ္တလုတ်-မရမ်းပေးလမ်းကို ပြန်ဆောက်ပါကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် AMG Company ကအဆိုပါ တံတားစစ်တန်းပုတ္တလုတ်လမ်းအပေါ်ရှိ သစ်သားတံတားများအတွက် ၁၄၀၆ သန်းကုန်ခဲ့သည့်အတွက် ဘဏ္ဍာရေးနှစ် နှစ်နှစ်စာအတွင်း အဆိုပါ လမ်းအတွက် စုစုပေါင်းကုန်ကျငွေသည် ၅၇၁.၃၈၄ သန်း ဖြစ်ပါကြောင်း၊ သို့သော် လက်ရှိ တံတား စစ်တန်းပုတ္တလုတ်- မရမ်းပေးလမ်း၏ အခြေအနေသည် ပျက်စီးနေသည့် အတွက်ကြောင့် ပြန်လည် ပြင်ဆင်ရန်၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း သိန်းပေါင်း ၄၀၀ ကျော် တင်ပြတောင်းခံထားပါကြောင်း၊ သို့သော်လမ်းက ပြင်၍မရသည့်အတွက်ကြောင့် ကုမ္ပဏီများက လေလံဆွဲခြင်းမရှိပါဘဲ ယခုအချိန်ထိ အဆိုပါလမ်းကို အသုံးပြု၍ မရနိုင်ပါကြောင်း၊ အဆိုပါလမ်းသည် ကျောက်တန်းရှိ ကျေးရွာ ၁၂ ရွာအပါအဝင် ကျောက်တန်းနှင့် ကပ်လျက်ဖြစ်သော သုံးဂွမြို့ရှိ ကျေးရွာပေါင်းရှစ်ရွာခန့်ကလည်း မှီခိုသုံးစွဲနေရပါကြောင်း၊
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် AMG Company Ltdက ၈၅၈.၉ သန်း အကုန်အကျခံသုံးစွဲခဲ့သည့် ပီလခတ်လမ်းသည်လည်း လမ်းခင်းပြီး လပိုင်းအတွင်းမှာပင် ပျက်စီးခဲ့ပါကြောင်း၊
ထို့ကြောင့် ထိုသို့ပျက်စီးနေသောလမ်းများကို တာဝန်ယူပြီးပြင်ဆင်ရန်အတွက် ကုမ္ပဏီများကို အကုန် အကျခံ ပြင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။