(ဆ)-(၁၆” = ၁ မိုင်)စကေးဖြင့်သာ မြေပုံရေးဆွဲ ခွင့်ရှိသည့် မြေပုံမြို့အပါအဝင် အခြားမြို့များအား (၆၄” = ၁ မိုင်) စကေး မြို့ကွက် မြေများ အဖြစ် သတ်မှတ် တိုင်းတာနိုင်ရေးအတွက် နိုင်ငံတော်မှ မည်သို့ ဆောင်ရွက်ပေးမည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း
မြေစာရင်းဦးစီးဌာနအနေဖြင့် မြေပုံများကို ရေးဆွဲရာတွင် ၁၆ လက်မ ၁ မိုင်ဆိုပြီး တောကွင်းမြေပုံများနှင့် ရေးဆွဲမှုရှိသလို ၆၄ လက်မ ၁ မိုင် မြို့ကွက်များဆိုပြီး ရေးဆွဲနည်း နှစ်မျိုးရှိသည်ဟု သိရှိရပါကြောင်း၊ ၎င်း ၆၄ လက်မ ၁ မိုင်ဆိုသည်မှာ မြို့ကွက်များ ကို ရေးဆွဲသည့်အခါတွင် အသေးစိတ် တစ်ကွက်ချင်းကို သိရှိနိုင်ရန် အတွက်ဖြစ်ပါကြောင်း၊ ၁၆ လက်မ ၁ မိုင် ဆိုရာတွင် စုပေါင်းမြေကွက်များဖြစ်ပြီး အသေးစိတ်သိရှိရန် မလိုသည့်အတွက် စုပေါင်းမြေကွက် အဖြစ် ရေးဆွဲသည်ဟု သိရှိရပါကြောင်း၊ မြန်မာနိုင်ငံရှိတချို့ မြို့နယ်များတွင် ၁၆ လက်မ ၁ မိုင် တောကွင်းမြေပုံများလည်း ယခုအချိန်ထိ ရေးဆွဲနေသည်ကို သိရှိရပါကြောင်း၊ ထိုသို့ ရေးဆွဲသည့်အတွက် တောကွင်းမြေပုံများ၏ အားနည်းချက်တစ်ခုဖြစ်သည့် ၎င်း အိမ်ခြံမြေနယ်နိမိတ်များကို တိကျစွာ တိုင်းတာဖော်ပြနိုင်ခြင်းမရှိခြင်း၊ ပိုင်ဆိုင်မှုအတွက် ဂရန်များလျှောက်ထားခြင်း၊ ခြံမြေပိုင်ဆိုင်မှုအငြင်းပွားခြင်း၊ လမ်း၊ ရေမြောင်း၊ ခြံမြေတိုင်းတာရာတွင် ခက်ခဲခြင်းဆိုသည့် ပြဿနာများနှင့် ကြုံတွေ့နေရပါကြောင်း၊
မြို့များတွင် ၆၄ လက်မ ၁ မိုင်နှင့် ရေးဆွဲခြင်းဖြင့် မြေကွက်တစ်ကွက်ခြင်းကိုလည်း ထုတ်၍ရသည်ဟု သိရှိရပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ၁၇ မြို့နယ်ရှိသည့်အနက် စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ ဘူးသီးတောင်၊ မင်းပြား၊ ရသေ့တောင်၊ တောင်ကုတ်၊ ဂွ ၎င်း ရှစ်မြို့နယ်တွင် ၆၄ လက်မ ၁ မိုင် မြို့ကွက်များနှင့် ရေးဆွဲထားပြီး ကျန်မြို့နယ်များဖြစ်သည့် မြေပုံ၊ ပေါက်တော၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်း စသည့် မြို့နယ်များတွင် ၁၆ လက်မ ၁ မိုင်စကေးဖြင့် ရေးဆွဲခွင့်ရသည်ဆိုသည်ကို သိရှိရပါကြောင်း၊
နိုင်ငံတော်ကချမှတ်သည့် မြို့ကွက်များအနေဖြင့် ပေ ၆၀ ၄ လက်မ၊၁ မိုင်စကေးနှင့် ရေးဆွဲနေခြင်းများကို တွေ့ရှိရပါကြောင်း၊ထို့ကြောင့် ကျန်ရှိသည့်မြို့နယ်များကိုလည်း ယခုလို မရေးဆွဲနိုင်သည့်အတွက် ပြဿနာများ ရှိနေခြင်းနှင့် ပတ်သက်ပြီး မြေစာရင်း ဌာနဝန်ထမ်းများ၏ တင်ပြချက်၊ ပြည်သူများ၏ တင်ပြချက်ပေါ် မူတည်ပြီး မိမိအနေဖြင့် မေးမြန်းလိုသည်မှာ မြန်မာနိုင်ငံတွင် မြို့ကွက်မြေပုံ ၆၄ လက်မ ၁ မိုင်စကေးဖြင့် ရေးဆွဲခွင့်မရသည့် မြို့နယ်ပေါင်း မည်မျှကျန်ရှိနေပါသနည်း၊ အချိန်ကာလကြာမြင့်စွာ မြို့များအဖြစ် တည်ရှိနေသော်လည်း မည်သည့်အတွက်ကြောင့် တောကွင်းမြေပုံ ၁၆ လက်မ ၁ မိုင်စကေးဖြင့် ကူးဆွဲခွင့်ရှိနေပါသနည်း၊ ၁၆ လက်မ ၁ မိုင်စကေးဖြင့် မြေပုံရေးဆွဲခွင့်ရှိသည့် မြေပုံမြို့နယ်အပါအဝင် အခြားမြို့နယ်များအား ၆၄ လက်မ ၁ မိုင် စကေးဖြင့် မြို့ကွက်မြေများအဖြစ် သတ်မှတ်တိုင်းတာပေးနိုင်ရန် နိုင်ငံတော်ကမည်သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။