(စ)-သဘာဝဘေးဒဏ်ကြောင့်ပြိုကျပျက်စီးနေသော ဘဟဲကျေးရွာရှိဂွေးတောက်ရှို(သီရိနန္ဒာကန်တော်) အား ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-04

ဘဟဲကျေးရွာသည် မိုးမိတ်၊ မဘိမ်း၊ ဗန်းမော်၊ ဗျူဟာလမ်းပေါ်တွင်တည်ရှိပြီး အိမ်ထောင်စု ၅၀၀ ကျော်နှင့် လူဦးရေ ၂၀၀၀ နီးပါးရှိပြီးဦးအောင်မြင့်ရှိန် စိုက်ဧကအနေဖြင့် ဧကပေါင်း ၈၀၀ ကျော်၊ မလှိုင်ကုန်းကျေးရွာတွင် အိမ်ထောင်စုပေါင်း ၂၆၄ အိမ်နှင့် လူဦးရေပေါင်း ၁၁၀၀ ကျော်နှင့် စိုက်ဧက ၅၀၀ ကျော်ရှိပါကြောင်း၊ ၎င်းနှစ်ရွာက မှီခိုအားထားနေရသည့် ဂွေးတောက်လျှို (သီရိနန္ဒာကန်တော်) ကို ၁၉-၁၂-၁၉၉၇ ခုနှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက်တွင် အစိုးရ၏ ထောက်ပံ့ငွေဖြင့် တည်ဆောက်ခဲ့ပြီး ၂-၅-၁၉၉၈ ရက်နေ့တွင် ပြီးစီးခဲ့သည့်အတွက် ခိုင်ခန့်မှုအပိုင်းတွင် မသေချာသောကြောင့် ၁၁-၁၀-၂၀၁၀ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ၎င်း ကန်ကြီးကျိုးပေါက်ခဲ့ပါကြောင်း၊ ကျိုးပေါက်ခဲ့သည့်ကန်ကိုလည်း ၂၀၁၁ ခုနှစ် မိုးကြိုကာလတွင် တောင်သူများ၏ စုပေါင်းအားနှင့် ပြင်ဆင်ခဲ့သော်လည်း တစ်လခန့်အကြာတွင် မိုးရွာသွန်းခဲ့သည့်အတွက် ကန်ကြီး ထပ်မံကျိုးပေါက်ခဲ့ပါကြောင်း၊ တောင်သူများလည်း ပြန်လည်မပြုပြင်နိုင်ဘဲ ပြစ်ထားသည်မှာ ယနေ့အထိ ဖြစ်ပါကြောင်း၊ ၎င်း ဆည်ကြီးပျက်စီးသွားသည့်အတွက် တောင်သူများသည် မိုးရေကိုသာ အားထားနေရသည့် အတွက် ရေအခက်အခဲဖြစ်သည်ကို တွေ့နေရပါကြောင်း၊ ထို့ကြောင့် ဆည်ကိုပြန်လည်တည်ဆောက်ပေးမည်ဆိုပါက ဘဟဲကျေးရွာ၊ မလှိုင်ကုန်းကျေးရွာတွင်ရှိသည့် လယ်မြေဧက ၁၀၀၀ ခန့်သည် အကျိုးရှိလာမည်ဖြစ်ပြီး ဒေသခံ တောင်သူများအတွက်လည်း လူမှုစီးပွား ဘဝများ တိုးတက်လာနိုင်မည်ဖြစ်သာည့်အတွက် ဂွေးတောက်လျှိုဆည်             (သီရိနန္ဒာကန်တော်) ကို ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိမည် ဆိုပါကလည်း မည်သည့်အချိန်တွင် တည်ဆောက်ပေးမည်နည်းနှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် တည်ဆောက် မပေးနိုင် သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။