(က)-ယခုနှစ်မိုးရာသီတွင် ရေနစ်မြုပ်ဒေသများရှိ ပျက်စီးခဲ့သော လယ်ယာများအတွက် မျိုးစပါးများ ကူညီခဲ့သော်လည်းစိုက်ပျိုးချိန်မမီတော့သည့် ဆောင်း သီးနှံနှင့် နွေစပါးတို့အတွက်မျိုး(စပါး)ကူညီပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
နှစ်စဉ်နှစ်တိုင်း ဇွန်၊ဇူလိုင်လခန့်၌ အများဆုံးဖြစ်တတ်ပြီး မြန်မာနိုင်ငံ၏ အထက်ပိုင်းဒေသများတွင် မိုးကြီးရေလျှံဖြစ်ပေါ်မှုများသည် တဖြည်းဖြည်းနှင့် နောက်ဆုံးတွင် ဧရာဝတီတိုင်းဒေသကြီးကို ရောက်ရှိ လာခဲ့ပါကြောင်း၊ ရေကြီးနစ်မြုပ်မှုကြောင့် မြန်မာပြည် အထက်ပိုင်းနှင့် အောက်ပိုင်း ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် စာဝတ်နေရေား ထိခိုက်ခဲ့ရသကဲ့သို့ အဓိကစိုက်ပျိုးရေးကို အခြေခံနေသော နိုင်ငံ၏ ၂၀ ရာခိုင်နှုန်းကျော် တောင်သူလယ်သမားများလည်း ဆိုးကျိုးကို ခံစားရပါကြောင်း၊ လယ်ယာမြေနှင့် ကောက်ပဲသီးနှံဆုံးရှုံးမှုများသည် အိုးအိမ်၊ လမ်းတံတား၊ ဆေးရုံဆုံးရှုံးခဲ့သကဲ့သို့ ချက်ခြင်း ပြန်လည်တည်ဆောင်၍ မရပါကြောင်း၊
အိမ်မဲမြို့နယ်တွင် သြဂုတ်လအတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ကျေးရွာပေါင်း ၃၄ ရွာ၊အိမ်ထောင် စုပေါင်း ၇၈၈ စု ရေဘေးသင့်ခဲ့ပါကြောင်း၊ဆန်၊စပါးအဓိကထားပြီး စိုက်ပျိုးသည့်ဒေသ ဖြစ်သည့် အတွက် စပါးစိုက်ဧက ၂၄၅၈ ဧကနစ်မြုပ်ခဲ့ပြီး တချို့က ပျိုးစပါးထောင် ထားချိန်၊တချို့က စိုက်ပျိုးပြီး ချိန်များတွင် ဖြစ်ပါကြောင်း၊ တွေမှာ ဖြစ်ပါကြောင်း၊၄၄၄၇ ဧက ထိခိုက်ပျက်စီးပြီး အောင်ရေအချိန်မီ၍ ၁၈၈ ဧကသာ ပြန်စိုက်နိုင်ခဲ့ပါကြောင်း၊စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအနေဖြင့် အိမ်မဲမြို့နယ် ရေကြီးနစ်မြုပ်မှု တို့ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် အချိန်မီစိုက်နိုင်ခဲ့သော ၁၈၈ ဧကအတွက် မျိုးစပါး တင်း ၂၀၀ ကို ကူညီခဲ့ပါကြောင်း၊
သို့သော် အောင်ရေမမီ၍ကြောင့်ဖြစ်စေ၊ အကြောင်းကြောင့်ကြောင့် လယ်ယာမြေများ ပျက်စီးဆုံးရှုံးခဲ့ရသော တောင်သူလယ်သမားများအတွက် တစ်ရာသီစာ သီးနှံလည်းဆုံးရှုံးသကဲ့သို့ စိုက်ပျိုးစရိတ်ချေးငွေ၊ မြစိမ်းရောင်ချေးငွေအစရှိသည့် အခြားချေးငွေများ ကိုလည်း ပြန်ဆပ်ရမည် ဖြစ်သည့်အတွက် အလွန်ပင် ဝန်ပိပါကြောင်း၊မိုးဘဏ်ထုတ်ပြီး၊ ဆောင်းဘဏ်အတွက် ပြန်ဆပ်ချိန်တွင် အိမ်မဲမြို့နယ်က လယ်သမားများသည် ၁၀ ရာခိုင်နှုန်းသာ ဆပ်နိုင်ခဲ့ပါကြောင်း၊ထို့ကြောင့် ယခုနှစ်မှ မဟုတ်ဘဲ နှစ်စဉ်နှစ်တိုင်း ရေကြီး နစ်မြုပ်ချိန်များတွင် ပြန်လည် စိုက်ပျိုးချိန်မမီတော့သော တောင်သူလယ်သမားများအတွက် နောက်တစ်ရာသီစိုက်ပျိုးချိန်မှာ မျိုးစပါး၊ မျိုးစေ့ ကူညီပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။