(ဂ)-စေတုတ္တရာမြို့နယ်၊မုံညှင်းကျေးရွာမှကြီးအုံကြီး၀ တမံလမ်းသို့ နွေ၊မိုး၊ဆောင်းသွားလာနိုင်သည့် မြေ သားလမ်းဖောက်လုပ်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မုန်ညှင်းကျေးရွာသည် စေတုတ္တရာမြို့၏ အရှေ့တောင်ဘက် ၁၆ မိုင်ခန့်အကွာတွင် တည်ရှိပြီး အိမ်ထောင်စု ၁၅၆ စု၊ လူဦးရေ ၆၅၂ ဦးရှိပါကြောင်း၊ ကြီးအုံကြီးဝတမံ ရေမြုပ်ဧရိယာတွင် ပါဝင်သည့် အတွက် ရွှေ့ပြောင်းခဲ့ရသည့်ရွာပေါင်း ၁၈ ရွာအနက် တစ်ရွာအပါအဝင်ဖြစ်ပါကြောင်း၊ လယ်ယာမြေ များ နစ်မြုပ်ပြီး ၂၀၀၆ ခုနှစ်တွင် (၂)မိုင်ခန့်ဝေးသောရွာသစ်သို့ ပြောင်းရွှေ့ခဲ့ရပါကြောင်း၊ ရွာသစ် သ့ို ပြောင်းရွှေ့ခဲ့ရသည့်အတွက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး အဘက်ဘက်တွင် အလွန်ခက်ခဲပါကြောင်း၊ မုန်ညှင်းကျေးရွာမှ ကြီးအုံကြီးဝတမံ ကံရွာလမ်းခွဲသို့သွားရန် ခြောက် မိုင်ခွဲခန့် ကွာဝေးပြီး နွေဥတုတွင်သွားလာရာခက်ပြီး မိုးတွင်းအခါ လုံးဝသွားမရသည့် တောင် ဇောင်း ခြောက်ကမ်းပါးလမ်း ဖြစ်ပါကြောင်း၊ အရေးပေါ်ကျန်းမာရေး ကိစ္စများတွင် သွားလာရေး ခက်ခဲသည့် အတွက် မုန်ညှင်းကျေးရွာမှ ကြီးအုံကြီးဝတမံ ကံရွာလမ်းခွဲသို့ ရာသီမရွေးသွားလာ နိုင်သည့် မြေသားလမ်းဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ ကိုသိရှိလိုပါကြောင်း မေးမြန်းသည်။