(ဇ)-Biotechnology၊Biosecurityတို့နှင့်ပတ်သက်၍ ဥပဒေများပြဋ္ဌာန်းထားခြင်း၊နိုင်ငံတကာအဖွဲ့အစည်း များနှင့် ချိတ်ဆက်ဆောင်ရွက်နေခြင်း၊Myanmar Biosecurity Assocoation ဖွဲ့စည်းထားခြင်း ရှိ၊ မရှိ သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

2021-01-04

ဗိုလ်မှူးထင်လင်းဦး (တပ်မတော်သားကိုယ်စားလှယ်)

ဗိုလ်မှူးထင်လင်းဦး (တပ်မတော်သားကိုယ်စားလှယ်)ယခုအခါကမ္ဘာပေါ်တွင် ကျန်းမာရေးနှင့်ပတ်သက်သည့် ဆေးသိပ္ပံပညာကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍများတွင် Biotechnology ဇီဝနည်းပညာများ တိုးတက်ထွန်းကား လာလျက်ရှိပါကြောင်း၊ ယခုလိုတိုးတက်ထွန်းကားလာသည်နှင့်အမျှ တစ်ဖက်တွင် အကျိုးကျေးဇူးများ ရရှိသကဲ့သို့ အခြားတစ်ဖက်တွင် နည်းပညာကို အလွဲအသုံးပြုပြီး ကိုယ်ကျိုးရှာဖွေမှု၊ နည်းပညာ၏ ဘေးထွက်ဆိုးကျိုးများကြောင့် သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင် စသည်တို့အပေါ်တွင် သက်ရောက်မှုများရှိလာနိုင်ပါကြောင်း၊ ထို့အပြင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာနိုင်သည့် Genetically Modified Food Product သို့မဟုတ် Genetically Modified Organism များ၊ နောက် Genetically Evolution ဖြစ်လာသည့် Organism များ ဝင်ရောက်လာသည့်အခါတွင် ၎င်း ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် လိုအပ်လာပါကြောင်း၊

သို့ဖြစ်ပါ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် Bio Technology, Bio Safety, Bio Security များနှင့်ပတ်သက်ပြီး ဥပဒေများပြဋ္ဌာန်းဆောင်ရွက်ထားခြင်းရှိ/မရှိ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်နေခြင်းရှိ/မရှိ၊ Myanmar Bio Safety သို့မဟုတ်  Myanmar Bio Security Association များ Committee များဖွဲ့စည်း ဆောင်ရွက်နေခြင်း ရှိ/မရှိနှင့်စပ်လျဉ်း၍ သိရှိလိုပါကြောင်း၊ မေးမြန်းပါသည်။