(စ)-မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏လစာစရိတ်ထောက် ပံ့ငွေများ၊အရည်အသွေးမြှင့်တင်မှုများနှင့်စပ်လျဉ်း သည့် မေးခွန်း
မြန်မာရဲတပ်ဖွဲ့အနေနှင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အဓိကအခန်းကဏ္ဍအဖြစ် တာဝန်ယူ ထမ်းဆောင်နေကြသူများဖြစ်သည့်အတွက် ယင်းကဲ့သို့ တာဝန်ထမ်းဆောင်သည့်နေရာတွင် ပြည်သူများ အမှန် တကယ်အားကိုးသော ပြည်သူ့ရဲများအဖြစ် လာဘ်ပေးလာဘ်ယူ ကင်း ရှင်းနိုင်စေရန် အတွက် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ၂၀၁၃-၂၀၁၄ ဘတ်ဂျက်ထဲ တွင် ပြည်သူ့ရဲ များအပေါ် တာဝန်ယူမှုအပိုင်းကို သိလိုပါ သဖြင့် အောက်ဖော်ပြပါ မေးခွန်းကြီး ၈ ခု အား မေးမြန်း သွားမည်ဖြစ် ပါကြောင်း။
မေးခွန်းနံပါတ်(၁) မြို့နယ်တစ်ခုလျှင် အရာရှိမှစ၍ ရိုးရိုးတပ်သား အထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့အရေအတွက် မည်မျှခန့်အပ်ပြီး လစာမည်မျှစီ ရရှိပါသနည်း။
မေးခွန်းနံပါတ်(၂) ၎င်းရဲတပ်ဖွဲ့ဝင်များအား အဆင့်အလိုက် ရဲဝတ်စုံ အပြည့်အစုံကို တစ်နှစ်(သို့) ၆ လ အလိုက် မည်ကဲ့သို့သတ်မှတ်၍ ထောက်ပံ့ပေးပါသနည်း။
မေးခွန်းနံပါတ်(၃) ရိက္ခာစိုများအတွက် ရဲတပ်ဖွဲ့ဝင် တစ်ဦးကို တစ်နေ့ လျှင် ထောက်ပံ့ စရိတ်ငွေကျပ် ၅၀၀ ပေးသည် ဆိုသည်ခြင်းသည်သည် အမှန်ဟုတ် မဟုတ်နှင့် ၎င်း ၅၀၀ ကျပ်မှာ ယခုခေတ်ကာလတန်ဖိုးနှင့် ကိုက်ညီမှုမရှိပါသဖြင့် ဝန်ကြီးဌာန၏ ၂၀၁၃-၂၀၁၄ ဘတ်ဂျက်တွင် တစ်နေ့လျှင် ၁၅၀၀ ကျပ် တိုးပေးရန် အစီ အစဉ်ရှိမ/မရှိနှင့် အစီအစဉ် ရှိပါက မည်သည့်အချိန်မှစ၍ တိုးပေးမည်နည်း။ မရှိပါက အဘယ်ကြောင့်နည်း။
မေးခွန်းနံပါတ်(၄) ပြည်ထဲရေးဝန်ကြီးဌာန၏ ဘတ်ဂျက်တင်ပြမှုကိုလေ့ လာကြည့် မည်ဆို ပါက အရည် အသွေး အဆင့်မြှင့် တင်ခြင်းဆိုင်ရာသင်တန်းများ အလုပ် ရုံဆွေးနွေးပွဲများ ရှိသည်ဟုတင်ပြထား ပါသောကြောင့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း ၎င်းသင်တန်းများဖွင့်လှစ်မှုအရေအတွက်မည်မျှရှိပါသနည်း။ ဖွင့်လှစ်ပြီး နောက်ပိုင်း တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အရေအတွက်အနေနှင့် သင်တန်းသား အရေ အတွက် မည်ကဲ့သို့တက်ရောက်ပြီးပါသနည်း။
မေးခွန်းနံပါတ်(၅) အချို့သင်တန်းများတွင် လာဘ်ပေးလာဘ်ယူများပြုလုပ်၍ ပင်စင် ယူသည့် တိုင် သင်တန်း မတက်ရောက် သူများ ရှိနေသည့်အပြင် အချို့ဖြောင့် မတ်မှန်ကန်သူများသည် သင်တန်း ကို နှစ်ကြိမ်တိုင်တိုင် ပြန်တက်ရမှုများရှိနေသောကြောင့် ကြပ် မတ်ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ။
မေးခွန်းနံပါတ်(၆) ယခုအချိန်ထိ အချုပ်သားများကို ရိုက်နှက်နေဆဲ ကိစ္စများရှိနေ ပါသဖြင့် မည်သည့် ဥပဒေ၊ နည်းဥပဒေများနှင့် ထိန်းကျောင်းမည်ကို သိရှိလိုပါကြောင်း။
မေးခွန်းနံပါတ်(၇) အချို့ရဲတပ်ဖွဲ့ဝင်များတွင် အိမ်ခန်းမရှိသည့်အတွက် မိမိတို့ ပိုင်ဆိုင်သော ဝင်ငွေများ၊ စရိတ်များထဲမှ ငှားရမ်းနေထိုင်မှုအပေါ် မည်ကဲ့သို့ အမြန် ဆုံးဆောင်ရွက် ပေးပါမည်နည်း။
မေးခွန်းနံပါတ်(၈) ဝန်ကြီးဌာန အိမ်ခန်းမပေးနိုင်၍ အပြင်၌ငှားနေရသော ရဲဝန်ထမ်းများအား ငွေကျပ် ၁၀ ခန့်သာ ထောက်ပံ့သည့် စရိတ်မှာမှန်ကန်ခြင်းရှိ/မရှိနှင့် မှန်ကန်ပါက ယခု ခေတ်နှင့်မကိုက်ညီသဖြင့် အမှန် တကယ် ဝန်ထမ်းအခန်းမပေးနိုင်သော ရဲဝန်ထမ်းမိသားစုများအား ထောက်ပံ့စရိတ် ၁ လလျှင် ၁၅၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်အထိပေးနိုင်ရန် ၂၀၁၃-၁၄ ဘတ်ဂျက် ထဲမှာအစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် စတင်ဆောင်ရွက်ပါမည်နည်း။ မရှိပါက အဘယ်ကြောင့်နည်း။