(ဂ)-မြန်မာနိုင်ငံသား နိုင်ငံခြားသားများ အပေါ်ဗီ ဇာကြေး ပိုမိုကောက်ခံခြင်းနှင့် နိုင်ငံခြားသားများ (မြန်မာနိုင်ငံသားနိုင်ငံခြားသားများအပါအဝင်) ပြည် တွင်း၌နေထိုင်ခွင့် အခွင့်အရေးတို့နှင့် စပ်လျဉ်း သည့်မေးခွန်း
မိမိနိုင်ငံသည် တံခါးဖွင့်ပြီး ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးကဏ္ဍအသီးသီး တိုးတက်ရန်အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံခြားရောက် မြန်မာနိုင်ငံသားများလည်း နိုင်ငံသို့ ပြန်လည်ဝင်ရောက်ပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ ပြည်ပနိုင်ငံများရှိ သံရုံးများသည် မြန်မာနိုင်ငံကိုဝင်ရောက်လိုသော နိုင်ငံခြားသားများ မြန်မာနိုင်ငံသား နိုင်ငံခြားသားအဖြစ် ခံယူထားသူများသည် မြန်မာနိုင်ငံသို့ဝင်ရောက်ရန် သံရုံးများတွင် ဗီဇာကြေးပေးဆောင်ပြီး ဆောင်ရွက်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ သို့သော် တချို့သံရုံးများသည် ဗီဇာကြေးကောက်ခံမှု မတူညီကြောင်းနှင့် နိုင်ငံခြားသားများအား ကောက်ခံသော ဗီဇာကြေးထက် မြန်မာနိုင်ငံသား နိုင်ငံခြားသား ခံယူထားသူများကို ဗီဇာကြေး ပို၍ကောက်ခံကြောင်းကိုလည်း ကြားသိရပါကြောင်း၊ ပိုမိုကောက်ခံမှု မှန်ကန်ပါက မြန်မာနိုင်ငံသား နိုင်ငံခြားသားများအတွက် ဂုဏ်သိက္ခာပိုင်းနှင့် ခွဲခြားဆက်ဆံခြင်း ခံရသကဲ့သို့ ဖြစ်နေသည့်အတွက် မြန်မာနိုင်ငံသား နိုင်ငံခြားသားများအပေါ် ဗီဇာကြေးပိုမိုကောက်ခံနေသည်မှာ မှန်ကန်မှု မရှိ/မရှိ၊ ပိုမိုကောက်ခံပါက မည်သည့်အတွက်ကြောင့် ကောက်ခံရသည်ပို ရှင်းလင်းစွာသိရှိလိုပါကြောင်းနှင့် ယခုလိုဆောင်ရွက်ခြင်းအား ယနေ့အခြေအနေနှင့် ကိုက်ညီအောင် အခြားနိုင်ငံခြားသားများနည်းတူ ကောက်ခံရန် အစီအစဉ် ရှိ/မရှိ သိလိုပါကြောင်းနှင့် မြန်မာနိုင်ငံသား နိုင်ငံခြားသားများအပါအဝင် ပြည်တွင်း၌ နေထိုင်ခွင့် ဗီဇာအခွင့်အရေးအား မည်သည့်အချိန်အခါများတွင် စတင်နိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။