(ဃ)-မြန်မာနိုင်ငံသားနှင့်အခြားနိုင်ငံသားတို့ပေါင်း သင်းရာမှမွေးဖွားလာသောသားသမီးများအတွက်နိုင် ငံသား(သို့)နိုင်ငံခြားသားအဖြစ်အသိမှတ်ြုပုနိုင်ရေး အတွက်ဥပဒေပြဋ္ဌာန်းရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

2021-01-04

ဦးဇော်ထွန်း( မိုးမောက်မဲဆန္ဒနယ်) (1141)အဓိကရည်ရွယ်ချက်မှာ (၁) သက်ဆိုင်သည့် မိမိမဲဆန္ဒရှင်မှ မေးမြန်းပေးပါရန်ဆိုပြီးမှ တင်ပြလာခြင်း (၂) မိမိတို့ဆီမှာ နယ်မြေဒေသ အခြေအနေကြောင့် မတည်ငြိမ်ခြင်းနှင့် (၃) အလုပ်အကိုင်အခွင့်အလမ်းများ မရှာပေးနိုင်ခြင်း တိုဖြစ်ပါသည်။ မေးမြန်းလိုသည်မှာ မြန်မာနိုင်ငံသားနှင့် အခြားနိုင်ငံသားတို့ပေါင်းသင်းရာမှ မွေးဖွားလာသည့် သားသမီးများအတွက် နိုင်ငံမဲ့နေပါသဖြင့် နိုင်ငံသားအဖြစ် အသိအမှတ်ပြုနိုင်ရေး၊ အိမ်ထောင်စုစာရင်းတွင် သား/သမီးအမည်ထည့်သွင်းနိုင်ရေးတို့အတွက် သို့မဟုတ် ဧည့်နိုင်ငံသားအဖြစ် အသိအမှတ်ပြုနိုင်ရေးတို့အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့တွင် ဥပဒေပြဋ္ဌာန်းပေးနိုင်သည့် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။