(က)ပြည်ထောင်စုအစိုးရ၏အခွန်ကောက်ခံရငွေများနှင့် စပ်လျဉ်းသည့်မေးခွန်း

2021-01-04

ဒေါ်တင်နွယ်ဦး (ဒဂုံမြို့သစ် မြောက်ပိုင်း)ဏ္ဍာရေးဝန်ကြီး ဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနသည် ပြည်ထောင်စုအစိုးရ၏ အခွန်အကောက်ရငွေများအနက်မှ အချို့ကို တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များသို့ မိမိသဘောအလျောက် ခွဲဝေပေးခွင့်ရှိ/မရှိ၊ မရှိပါက ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်လည်းကောင်း၊ တည်ဆဲဥပဒေအရပ်ရပ်နှင့်လည်းကောင်း ညီညွတ်စေရေး အတွက် မည်ကဲ့သို့ ပြင်ဆင်ဆောင်ရွက် စေမည်ကို သိရှိလို ပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၅၄တွင် ပုဒ်မ (က)၊(ခ) နှစ်ခုပါရှိရာ ၂၅၄(က) က တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ဇယား ၅ ပါ အခွန်အခများကို ဥပဒေနှင့်အညီကောက်ခံ၍ တိုင်းဒေသကြီး သို့မဟုတ်  ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ပေးသွင်းရမည်။ ၂၅၄(ခ)တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေများကို ဥပဒေနှင့်အညီ သုံးစွဲခွင့်ရှိသည်ဟု ပုဒ်မ ၂၅၄ တွင် ပြဋ္ဌာန်းထားပါသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ရန်လည်း  PAC သည် လပေါင်း ၂၀ ခန့်တွင်မှ စာရင်းစစ်ဥပဒေကို အနည်းငယ်ပြင် လို့ရသည့်အပြင် အဆိုပါ ပြဋ္ဌာန်းချက်အရ ဖွဲ့စည်းပုံအခြေခံ ဥပဒေပေါ်တွင်သာ အလုပ်လုပ်ရမည် ဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါသည့် ၂၅၄မှအပဟု ဆိုသည့်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ဆိုင်သည့် ယခုကဲ့သို့သော ကိစ္စရပ် မြောက်မြားစွာ ပေါ်လာနိုင်ဦးမှာဖြစ်ပါသည်။  ၂၅၄ မှအပဆိုသည်အတွက် ဇယား ၅ မှအပ မိမိတို့က ဆောင်ရွက်ရမည်ဖြစ်ပါသည်။ တိုင်းဒေသကြီးနှင့်  ပတ်သက်၍ ပုဒ်မ ၂၃၀ (က)၊ ပုဒ်မ ၂၃၀တွင် ဘဏ္ဍာရေး ကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်ဟုဆိုထားပါသည်။ ပုဒ်မ ၂၃၀ (ခ) တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အရအသုံးစာရင်းများကို နိုင်ငံတော် သမ္မတက တာဝန်ပေးအပ်သော ကျန်ဒုတိယသမ္မတတစ်ဦးက ဦးဆောင်စိစစ်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အရအသုံးငွေ စာရင်း လျာထားချက်ကို ဘဏ္ဍာရေးကော်မရှင်သို့ တင်ပြရမည်ဟုဖော်ပြထားပါကြောင်း၊ ထို့ကြောင့် အမတ်တွေ အတွက် ပုဒ်မ ၁၂၁ ကအရေးကြီးသကဲ့သို့ အခွန်ကိစ္စတွင် တိုင်းဒေသကြီး၏ အသက်က ပုဒ်မ ၂၃၀ ဖြစ်ပါသည်။ ထို့ကြောင့် ယခုအခွန်ကိစ္စတွင် အဆိုပါ ပုဒ်မ ၂၃၀ ညီညွတ်ချင်းရှိ/မရှိကို သိရှိ လိုကြောင်းမေးမြန်းပါသည်။