(ဂ)-ညောင်ဦးမြို့နယ်၊ငါ့သယောက်မြို့ရှိဘုရားဝတ္တ ကမြေပေါ်တွင် ဆောက်ထားသောကျူးကျော်အိမ်များ အတွက် မြေနေရာ အစားပေးနိုင်၊မပေးနိုင်နှင့်မူလ ဝတ္တကမြေအနေအထားအတိုင်း ဖြစ်စေရန်ဖယ် ရှားပေးခြင်း ပြုနိုင်၊ မပြုနိုင်သိရှိလိုပါကြောင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
2021-01-04
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သယောက်မြို့ရှိ ပုဂံဗိုလ်ချိုကောင်းမှု ကျောက်စေတီ၏ ၁၃.၆ ဧကသည် ဝတ္တကမြေဖြစ်ကြောင်း၊ ဒေသခံပုဂ္ဂိုလ် (၄)ဦးနှင့် ဆက်စပ်ထန်းသိမ်းစောင့်ရှောက်လာခဲ့သော ဆရာတော်များ မှထောက်ခံစာ များနှင့်တကွတင်ပြလာပါသည်။ ဒေသခံသြဝါဒစရိယ ဆရာတော်များ၊ ဂေါပကအဖွဲ့ များ၊ ဒေသခံ ပုဂ္ဂိုလ်များက ကျူးကျော်အိမ်များတစ်စတစ်စတိုး၍ ဆောက်လုပ်လာကြ သည်ကို ဒေသခံပြည်သူများ မကျေမနပ်ဖြစ်နေကြပါကြောင်း၊ မေးမြန်းလိုသည်မှာ (၁) ဘုရားဝတ္တက မြေပေါ်တွင် လျှောက်ထားသော ကျူးကျော်အိမ်များအတွက် မြေနေရာအစားပေးနိုင်ခြင်း ရှိ/မရှိနှင့် (၂) ကျူးကျော် အိမ်များကို မူလဝတ္တက မြေအနေအထား အတိုင်းဖြစ်စေရန် ဖယ်ရှားပေးခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။