(ခ)-Organic သီးနှံစိုက်ပျိုးရေးဇုံများ (သို့) Organic သီးနှံစိုက်ပျိုးသည့် မြို့ပြအသစ်များ တည်ထောင် ဆောင်ရွက်ပေးရန်နှင့် လက်ရှိ Organic Farming လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေတို့နှင့် စပ်လျဉ်းသည့် မေးခွန်း
မြန်မာနိုင်ငံသည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လျော့နည်းနေသေးသည်နှင့်အမျှ ပြည်သူ လူထု၏ကျန်းမာရေး အပိုင်းတွင်လည်း ရောဂါမျိုးစုံဖြင့် ရင်ဆိုင်တွေ့ကြုံခံစားနေကြ ရတာကိုလည်း တွေ့ရှိနေရ ပါကြောင်း၊ ပြည်သူ့ဆေးရုံကြီး များ၊ အမြို့မြို့အနယ်နယ် မှာရှိသော ဆေးရုံငယ် များ၊ ပြင်ပဆေးကုသခန်းများ တွင်လည်း နေ့စဉ်နှင့် အမျှ ရောဂါဝေဒနာရှင်ပြည်သူများ စီကားလျက်ရှိပြီး အရွယ်မတိုင်မီ အသက်ဆုံးရှုံး မှုများနှင့်လည်း ကြုံတွေ့နေကြရပါကြောင်း၊ ထို့အပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများတွင် အသုံးပြုနေသော ဓာတုဗေဒပစ္စည်းများ ဝင်ရောက်လာခြင်း များကြောင့်လည်း အသက်အန္တရာယ် ထိခိုက်စေလျက်ရှိသည် ကိုလည်း တွေ့ရှိနေ ရပါကြောင်၊
တိုးတက်ခေတ်မီသောနိုင်ငံကြီးများတွင် ပြည်သူများစားသုံးနေကြရသော သီးနှံများကို စိုက်ပျိုးထုတ် လုပ်ရာ တွင် အော်ဂဲနစ်စိုက်ပျိုးရေးကို တတ်နိုင်သမျှပြောင်းလဲ စိုက်ပျိုးထုတ် လုပ်နေခြင်းကြောင့် ပြည်သူ များရောဂါဖြစ်ပွားမှုနှုန်းများ လျော့နည်းကျဆင်းခဲ့ကြောင်းကိုလည်း လေ့လာတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများရရှိစေနိုင်ရန် ရည်ရွယ်ပြီး ပြည်ထောင် စုမြန်မာနိုင်ငံတွင် အော်ဂဲနစ်သီးနှံစိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက် ၍ အောက်ပါမေးခွန်းများကို မေးမြန်းလိုကြောင်း၊ မြန်မာနိုင်ငံတွင်တိုင်းရင်းသား ပြည်သူများအားလုံး ကျန်းမာအသက်ရှည်ရေးနှင့် နိုင်ငံခြားဝင်ငွေရရှိနိုင်ရေးအတွက် အကျိုးဖြစ်ထွန်းစေမည့် အော်ဂဲနစ် သီးနှံများ၊ စိုက်ပျိုးရေးဇုံများ သို့မဟုတ် အော်ဂဲနစ်သီးနှံစိုက်ပျိုးသည့် မြို့ပြအသစ်များ တည်ထောင် ဆောင်ရွက်သွားရန် အစီအစဉ်ရှိ/မရှိနှင့် လက်ရှိဆောင်ရွက်နေသည့် Organic Farming လုပ်ငန်း များဆောင်ရွက်နိုင်မှု အခြေ အနေ နောင်တွင်တိုးချဲ့စိုက်ပျိုးနိုင်မည့် အလားအလာအခြေအနေနှင့် အဓိကရင်ဆိုင်ဖြတ်ကျော်ရမည့် အခက်အခဲများကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။