(ဂ)-မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ရဲတပ်ဖွဲ့ဝင်များအားတပ် မတော်နှင့်တပ်မတော်သားများ နည်းတူလစာနှင့် ခံစားခွင့်များတိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-04

ဦးခင်မောင်ဌေး (ထီးလင်း)

နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အခန်း(၇) ပုဒ်မ ၃၃၈ တွင် နိုင်ငံတော် အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက် တွင် ရှိရမည်ဟုလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ အခန်း(၁) ပုဒ်မ(၂) ပုဒ်မခွဲငယ်(င) တွင် ဝန်ထမ်းဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖွဲ့စည်းပုံပါ ရာထူးတစ်ခုခု ခန့်အပ်ခြင်းခံရသည့် ဝန်ထမ်းကိုဆိုလိုပါကြောင်း၊ ယင်းစကားရပ်တွင် ဤဥပဒေပါ ကိစ္စ အလို့ငှာ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ မပါဝင်ခြင်းတို့အပြင် နိုင် ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး ဟူသော အချက်များဖြင့် အရှိန်အဟုန်မြှင့် အကောင်အထည်‌ဖော်ဆောင်ရွက်နေသည့် ကာလဖြစ်ခြင်း၊ ဒီမိုကရေစီစနစ်ကျင့်သုံးသော နိုင်ငံများတွင် ရဲတပ်ဖွဲ့ဝင်များ၏ အခန်း ကဏ္ဍတို့သည် လွန်စွာအရေးပါဝင်လျက်ရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များအား တပ်မတော်သားများနည်းတူ လစာနှင့်ခံစားခွင့်များကို တိုးမြှင့်ပေးရန်လိုအပ်သည်ဟု ယူဆပါကြောင်း၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များ၏ လစာနှင့်ခံစားခွင့်တို့သည် ရဲတပ်ဖွဲ့ဝင်များ၏ နေထိုင်မှု အခက်အခဲများအပြင် အသစ်ထပ်မံဖွဲ့စည်းခဲ့သသော ကမ္ဘာ့လှည့်ခရီးသွားများ စောင့်ရှောက်ရေးအဖွဲ့၏ ရဲတပ်ဖွဲ့ ဝင်များ နေထိုင်သွားလာ ခံစားခွင့်များတွင်လည်း  အဆင်မပြေမှုများရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ရဲတပ် ဖွဲ့ဝင်များအား တပ်မတော်နှင့် တပ်မတော်သားများ နည်းတူ လစာနှင့်ခံစားခွင့်များ တိုးမြှင့်ပေး၍ နိုင်ငံတကာ ရဲတပ်ဖွဲ့ဝင်များကဲ့သို့ အဆင့်အတန်းမြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သို့ဆောင်ရွက်နေကြောင်းနှင့် မရှိပါကမည်သည့်အတွက်ကြောင့် ဆောင်ရွက်မပေးသည်ကို သိရှိလိုကြောင်းမေးမြန်းပါသည်။

ဦးခင်မောင်ညို (ပေါက်) ကိုယ်စား ဦးခင်မောင်ဌေး (ထီးလင်း) မှ မေးမြန်းပါသည်။