(ဆ)-၂၀၂၀ ပြည့်နှစ် နွေရာသီကာလတွင် လျှပ်စစ်ကောင်းမွန်စေရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနမှ တင်ဒါခေါ်ထားသော LNG စီမံကိန်းများ၏ တည်ဆောက်ပြီးစီးမှုအခြေအနေကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
2021-01-04
၂၀၂၀ ပြည့်နှစ် နွေရာသီအတွက် လျှပ်စစ်မီးမပြတ်တောက်ရန်နှင့် ၂၀၁၉ ခုနှစ်ကကဲ့သို့ အလှည့်ကျ စနစ်များ မဖြစ်ပေါ်စေရန် ဝန်ကြီးဌာနက LNG to Power ဓာတ်အားပေးထုတ်လုပ်ရေး Project များကိုလည်း တင်ဒါခေါ်ခဲ့ရာ ရန်ကုန်၊ သန်လျင်၊ သာကေတ၊ အလုံ၊ ရခိုင်ပြည်နယ်၊ ၂၀(မဂ္ဂါဝပ်) ရှိနေသည့် နေရာများကို ခေါ်ယူခဲ့ပါကြောင်း၊ ယခု အချိန်တွင် နွေရာသီ လျှပ်စစ်မီးလုံ လောက်နေသည့်အတွက် ဝန်ကြီးဌာန၏ LNG to Power Project များ မည်မျှပြီးစီးပြီ လျှပ်စစ်ဓာတ်အားဘယ်လောက်ထွက်၍ မည်မျှသုံးစွဲနေပြီကိုလည်းကောင်း၊ ကျန်ရှိနေသည်များ လည်း ဆောက်လုပ်မှုကာလသည် မည်သည့်အချိန်တွင် ပြီးပြတ်မည်ကို လည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။