(စ)-ကော့မှူးမြို့နယ်၊ မြို့မဈေးအား အသစ်ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2021-01-04

ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့တွင်ရှိသည်မြို့မဈေးသည် ၁၉၉၀ ခုနှစ်တွင် တည်ဆောက်ခဲ့ပါကြောင်း၊ ဈေးဧရိယာအကျယ်အဝန်းသည် တစ်ဧကကျော်ရှိပြီး ဈေးရုံ ၁၉ ရုံ၊ ရှစ်ပေပတ်လည်ရှိသည့် ဆိုင်ခန်းပေါင်း ၂၉၉ ခန်း၊ ဈေးခေါင်းရုံးတစ်ရုံးတို့ရှိပါကြောင်း၊ ယခုအခါ ဈေးကြီး၏သက်တမ်းသည် နှစ်ပေါင်း ၃၀ ခန့်ရှိပြီဖြစ်ပြီး ကြံ့ခိုင်မှုအားနည်းလာခြင်း၊ ရေ/မီးစနစ် များအားနည်းမှုကြောင့်မီးဘေးအန္တရာယ်စိုးရိမ်ရခြင်း၊ စနစ်တကျဖောက်လုပ်ထားသော ရေမြောင်း နှင့်ရေထွက်ပေါက်များမရှိခြင်း၊ သားငါးတန်းနှင့်ကုန်စိမ်းတန်းတို့သည် သီးခြားစီမရှိဘဲနှင့် ရောထွေးရောင်းချနေခြင်းတို့ကြောင့် သန့်ရှင်းမှုအားနည်းခြင်း၊ လေဝင်/လေထွက်ကောင်းမွန်မှု မရှိခြင်းတို့အပြင် ဈေး၏မျက်နှာစာသည်လည်း ပျံကျဈေးသည်များသည်နေ့စဉ်နှင့်အမျှ စည်းကမ်းမဲ့စွာရောင်းချလျက်ရှိသည်ကိုတွေ့ရှိရပါကြောင်း၊ ကော့မှူးမြို့၏မြို့မဈေးကြီးသည် လှိုင်သာယာ-ကော့မှူး-ကွမ်းခြံကုန်း-ဒေးဒ၏ Highway လမ်းမကြီး၏ဘေးတွင်တည်ရှိပြီး လမ်းဘေး ပျံကျဈေးသည်များကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေနှင့်ယာဉ်မတော်တဆဖြစ်မှုများသည် အမြဲလိုလို ဖြစ်ပွားလျက်ရှိပါကြောင်း၊ ထိုသို့ဖြစ်စဉ်များကြောင့် ကော့မှူးမြို့တွင် ရှိသည့်မြို့မိမြို့ဖများ၊ ဈေးသူ ဈေးသားများနှင့် မြို့နေပြည်သူများက သန့်ရှင်းသပ်ရပ်သော၊ ကျန်းမာရေးနှင့်ညီညွတ်သော၊ ဘေးအန္တရာယ်ကင်းရှင်းသော၊ လုံခြံမှုရှိသောဈေးကြီးတစ်ခု တည်ဆောက်ပေးရန် လိုလားတောင့်တလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့တွင်ရှိသည့်မြို့မဈေးကြီးကို အသစ် ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။