(င)-ချီဖွေမြို့နယ်၊ နိုဇုံဘော်အထက်တန်းကျောင်းခွဲကို အထက်တန်းကျောင်းအဆင့်သို့ တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2021-01-05

ချီဖွေမြို့နယ်တွင် အထက်တန်းကျောင်းနှစ်ကျောင်းနှင့် အထက်တန်းကျောင်းခွဲတစ်ကျောင်း ရှိပါကြောင်း၊  ချီဖွေမြို့နယ်သည် တောင်ဘက်မှမြောက်ဘက်သို့ လက်ရှိသွားလာနေသော ခရီးလမ်းသည် မိုင်ပေါင်း ၁၂၀ ကျော်ခန့် ရှည်လျားပါကြောင်း၊ ချီဖွေမြို့နယ်ရှိ အထက်တန်းကျောင်း နှစ်ကျောင်းသည် တောင်ဘက်ခြမ်းချီဖွေမြို့နယ်နှင့် ပန်ဝါမြို့တွင်သာရှိပြီး ချီဖွေမြို့နယ်၏ မြောက်ဘက်ခြမ်းတွင်ရှိသော နိုဇွန်ဘော်အထက်တန်းကျောင်းခွဲသည် အဆိုပါအထက်တန်းကျောင်း နှစ်ကျောင်းနှင့် မိုင် ၁၀၀ ခန့် ဝေးကွာပါကြောင်း၊ ၎င်းနိုဇွန်ဘော်အထက်တန်းကျောင်းခွဲသည် အထက်တန်းကျောင်း အဆင့်သို့တိုးမြှင့်ဖွင့်လှစ်ရန် လိုအပ်မည့်အဆောက်အဦနှင့် ကျောင်းအင်္ဂါရပ်များလည်း ပြည့်စုံစွာဆောင်ရွက်ထားပြီးဖြစ်သည့် အတွက် နိုဇွန်ဘော်အထက်တန်းကျောင်းခွဲကို အထက်တန်းကျောင်းအဆင့်သို့ တိုးမြှင့်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။