(ည)-လွိုင်လင်မြို့နယ်၊ နောင်လိုင်ကျေးရွာအုပ်စု၊ နောင်မက်မီးရွာအဝင်လမ်းရှိ ကျောက်ချောလမ်း ၂၆၆၄၃ ပေအား ကတ္တရာလမ်းခင်းပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2021-01-05

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ နောင်လိုင်ကျေးရွာအုပ်စု၊ နောင်မတ်မီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့   နံနက်ပိုင်းတွင် လုထုတွေ့ဆုံပွဲ၊ လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲကို ကျင်းပခဲ့ပါကြောင်း၊ အခမ်းအနားတွင် ကျေးရွာပေါင်း ၁၉ ရွာမှ ဒေသခံတိုင်းရင်းသားမိဘပြည်သူများ တက်ရောက်ခဲ့ကြပါကြောင်း၊ မဲဆန္ဒရှင်မိဘပြည်သူ များ၏ တင်ပြချက်အရ မဲဆန္ဒရှင်ဒေသခံတိုင်းရင်းသားမိဘပြည်သူများနေထိုင်ရာကျေးရွာများသည် တောင်ပေါ်တွင် တည်ရှိပြီး တောင်ပေါ်သို့တက်ရောက်ရသည့်လမ်းဖြစ်ပြီး ဒေသထွက် လက်ဖက် ခြောက်၊ လက်ဖက်စိုများနှင့် အခြားခြံထွက်သီးနှံများကို ပင်လုံမြို့သို့ သယ်ပို့သွားလာရသည့်လမ်း ဖြစ်ပါကြောင်း၊  ကျေးရွာနေမိဘပြည်သူများမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောက်ချောလမ်း ၂၆၆၄၃ ပေအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ပါရန်တင်ပြလာပါကြောင်း၊ သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ နောင်လိုင်ကျေးရွာအုပ်စု၊ နောင်မက်မီးရွာအဝင်လမ်းရှိ ကျောက်ချောလမ်း ၂၆၆၄၃ ပေအား ကတ္တရာ လမ်းခင်းပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိသိရှိ လိုပါကြောင်းနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးပါမည်၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။