(ဂ)-မိုးမိတ်မြို့နယ်တွင် MPT ဖုန်းလိုင်းများ ကောင်းမွန်စွာဆက်သွယ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
မိုးမိတ်မြို့နယ်တွင် MPT ဖုန်းလိုင်းများသည် ကောင်းမွန်ခြင်းမရှိကြောင်း၊ ဖုန်းဆက်နေရင်း ပြုတ်ပြုတ်ကျသွားပါကြောင်း၊ စက္ကန့် ၂၀၊ ၃၀ မှသာတစ်ဖန်ပြန်ဆက်၍ရကြောင်း၊ ဆက်သွယ်မှုမပြတ်သော်လည်း တစ်ဖက်ကကြာလျှင် တစ်ဖက်ကမကြားရကြောင်း၊ သို့သော် ဖုန်းဘေများ ဖြတ်နေ ပါကြောင်း၊ ကျန်ဖုန်းလိုင်းများဖြစ်သည့် Mytel ၊ Ooredoo ၊ Telenor များသည် ဆက်သွယ်ရေးကောင်းပြီး၊ အစိုးရပိုင်ဖုန်းလိုင်းဖြစ်သည့် MPT မှာ ဆက်သွယ်လို့ မကောင်းဖြစ်နေပါကြောင်း၊ MPT ဖုန်းလိုင်းသည် မှတ်ပုံတင်ထားသည့်ကတ်ဖြစ်ပါကြောင်း၊ ပြည်သူများ၏ နိစ္စဓူဝလိုအပ်ချက်သည် လျှပ်စစ်မီး၊ တယ်လီဖုန်း၊ လမ်းပန်းဆက်သွယ်ရေး ဖြစ်ပါကြောင်း၊ထို့ကြောင်းအရာများကောင်းမွန်မှသာ ပြည်သူ့ဘဝအဆင်ပြေမည် ဖြတ်သောကြောင့် မိုးမိတ်မြို့နယ်အတွင်းတွင် MPT ဖုန်းလိုင်းများကောင်းမွန်စေရန်အတွက် သီးသန့်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။