(ဆ)-မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့၊ အောင်သစ္စာရပ်ကွက်တွင် မြန်မာ့စီးပွားရေးဘဏ် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့၊ အောင်သစ္စာရပ်ကွက် အကွက် အမှတ်၊ ၄/၁၂၂-က ဧရိယာ ၀.၂၅၇ ဧကမှာ မြန်မာ့စီးပွားရေးဘဏ်ခွဲ အဆောက်အဦကို ၁၅-၉-၂၀၀၃ ရက်နေ့တွင် စတင်ဆောက်လုပ်ပြီး ၁၂-၁၂-၂၀၀၃ ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့ပါကြောင်း၊ မြေဂရံ နှစ် ၃၀ ရရှိပြီးဖြစ်ပါကြောင်း၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်လမ်းသည် ၄၈ မိုင်ကွာဝေးသည့် လွယ်ဂျယ်-မိုးမောက်လမ်းကြီးကို AC ကတ္တရာလမ်း စတင်ခင်းကျင်းနေပြီ ဖြစ်ပါကြောင်း၊ နယ်မြေအခြေအနေသည် လုံခြုံအေးချမ်းသည့် အနေအထားရှိနေပြီး ဆက်သွယ်ရေးသည် Telenor၊ CDMA 450 နှင့် MPT ဖုန်းလိုင်းများ ရရှိနေပြီဖြစ်ပါကြောင်း၊ လွယ်ဂျယ်မြို့၏ တိုးတက်မှုသည် လွယ်ဂျယ်မြို့၏ နာရီစင်၊ စည်ပင်သာယာဈေး သုံးထပ်ဈေးကြီး ဆောက်လုပ်နေခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များဖလား ပြုလုပ်ခဲ့သည့် ဘောလုံးကွင်း၊ လွယ်ဂျယ်နယ် စပ်ဂိတ် လွယ်ဂျယ်မြို့မှတစ်ဆင့် တရုတ်ပြည်ကို ကုန်စည်ကူးသန်း ရောင်းဝယ်နေသည့် နယ်စပ်ဂိတ် ဖြစ်ပါကြောင်း၊ နယ်စပ်ကားများစီးဆင်းနေသည့်နေရာဖြစ်ပါကြောင်း၊ နယ်စပ်ကိုသွားလာနေတဲ့ ကားများ ရှိပါကြောင်း၊ AC ကတ္တရာလမ်းများ၊ ကွန်ကရစ်လမ်းများနှင့် မြို့သည် တိုးတက်သာယာနေပြီ ဖြစ်ပါကြောင်း၊ နယ်စပ်ဘေးလမ်း ဖြစ်ပါသော်လည်း လက်ရှိတွင် ဖုန်းလိုင်းများ ရပြီဖြစ်သည့်အတွက် Wave money လွှဲသည့်နေရာများ Wave money များ၊ KBZ ဘဏ်များနှင့် ချိတ်ဆက်ပြီး လွှဲသည့် နေရာများ ဖြစ်ပါကြောင်း၊ လက်ရှိတွင် မြန်မာ့စီးပွားရေး ဘဏ်အတွက် အဆောက်အဦ ရရှိပြီး ဖြစ်ပါကြောင်း၊ ပြည်သူလူထု၏ လိုအပ်ချက်အရဂရန်မြေနှင့် အဆောက်အဦရရှိပြီး ဖြစ်ပါကြောင်း၊ ရဲစခန်းနှင့် တစ်ဖာလုံခန့်သာ ဝေးပြီး ရှေ့တန်း တပ်ရင်းစခန်း၏ မျက်စောင်းထိုးတွင် ရှိပါကြောင်း၊ ထို့ကြောင့် ပြည်သူလူထု၏ လိုအပ်ချက်အရ လွယ်ဂျယ်မြို့တွင် မြန်မာ့စီးပွားရေးဘဏ်ခွဲ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိကို မေးမြန်းပါသည်။