(ဂ)-ဝမ်းတွင်းမြို့နယ်၏မြို့နယ်(၆)ရပ်ကွက်အတွင်း ၄၀၀ဗို့အားလိုင်းနှင့်ကွန်ကရစ်တိုင်များအားမည်သို့စီမံဆောင်ရွက်ပေးမည်နှင့်သဲတော-ဝမ်းတွင်းအမှတ်(၁)လမ်းမဘေးမှမီးတိုင်၊ ထရန်စဖော်မာများအားမည်သည့်အချိန်တွင်ပြောင်းရွှေ့ပေးမည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ဝမ်းတွင်းမြို့နယ်၏ မြို့နယ် (၆) ရပ်ကွက်အတွင်း လိုအပ်နေသည့် ၄၀၀ ဗို့အားလိုင်းနှင့် ကွန်ကရစ် တိုင်များအား မည်သို့ စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် သဲတော-ဝမ်းတွင်း အမှတ် (၁) လမ်းမဘေးမှ မီးတိုင်၊ ထရန်စဖော်မာများအား မည်သည့်အချိန်တွင် ပြောင်းရွှေ့ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မြို့ပေါ် ခြောက်ရပ်ကွက်မှ အဓိကမြို့အစွန်ဘက်တွင် ၄၀၀ ဗို့အားလိုင်း လိုအပ်သည့် နေရာကို မရောက်ကြောင်း၊ ပေ ၆၀၀၊ ၇၀၀ ခန့် service ကြိုးများ စုပြီး ဆွဲထားကြောင်း၊ လျှပ်စစ် အန္တရာယ်များ ဖြစ်ပေါ်စေနိုင်သည့် အနေအထား ဖြစ်နေပါကြောင်း၊ ထို့ကြောင့် ၄၀၀ ဗို့အားလိုင်း တိုင်များနှင့် လိုအပ်နေသည့် တိုင်များကို လုပ်ပေးနိုင်/ မပေးနိုင် သိရှိလိုခြင်း ဖြစ်ပါကြောင်း၊
ဝမ်းတွင်း-သဲတော အမှတ်(၁) လမ်းမဘေး မီးတိုင်၊ မီးကြိုးများနှင့် ထရန်စဖော်မာများကို လမ်းနှင့် လွတ်ကင်းစေလိုပါကြောင်း၊ မူလလမ်း အကျယ်သည် ပေ ၁၀၀ ရှိပါကြောင်း၊ ကတ္တရာခင်းထားသည်က ပေ ၃၀ ရှိပါကြောင်း၊ လမ်းလယ် မီးတိုင်များနှင့် ကပ်တုံးများကြောင့် နှစ်ပေခန့် နေရာ ယူသွားသည့်အတွက် လမ်းတစ်ဖက်တစ်ချက်တွင် ၁၄ ပေကျန်ပါကြောင်း၊ ၎င်းနေရာသည် ယာဉ်ကျော်တက်ရန် အခက်အခဲ ဖြစ်နိုင်သည့်အတွက် ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပေါ်ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် လူသုံးဦးခန့် သေဆုံးသွားပါကြောင်း၊ ယာဉ်တိုက်မှုသည် မြောက်မြားစွာ ရှိခဲ့ပါကြောင်း၊ စည်ပင်သာယာမှ ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် လမ်းကို တစ်ဖက်ကို ကိုးပေစီ ထပ်ချဲ့ရန် ဘတ်ဂျတ်ကို ချထားပေးပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် လမ်းနှင့် ကပ်နေသည့် မီးတိုင်များနှင့် ထရန်စဖော်မာ သုံးလုံးကို နေရာပြောင်းရွှေ့ရမည် ဖြစ်သည့်အတွက် ၂၀၂၀-၂၀၂၁ ဘတ်ဂျက်တွင် ပါကြောင်း၊ ၎င်းသည် 11 ကြိုးနှင့် တိုင်များသာ ဖြစ်ပါကြောင်း၊ ၄၀၀ ဗို့အားလိုင်း တစ်ပါတည်း မပါခဲ့ပါကြောင်း၊ ထို့ပြင် လမ်းဘေးတွင် ရှိသည့် လျှပ်စစ် သိုလှောင်အိုး သုံးလုံးသည် ရွှေ့ရန် လိုအပ်ပါကြောင်း၊ ၎င်းသည် ရွှေ့ပြောင်းရန် မပါသည့်အတွက် ၎င်းကို မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။