(စ)-ပြည်ထောင်စုလမ်းမကြီး၊လှော်ကားလမ်းမကြီးများပေါ်ရှိ အန္တရာယ်ရှိဓာတ်တိုင် ၁၀၀၀ ခန့်အားအမြန်ဆုံး လဲလှယ်ပေးရန်နှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအတွက် လိုအပ်လျက်ရှိသော ထရန်စဖော်မာ၄၀ လုံးအား အမြန်ဆုံးချထားပေးရန် အစီအစဉ်ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့်မေးခွန်း
(စ)-ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ပြည်ထောင်စုလမ်းမကြီး၊ လှော်ကားလမ်းမကြီး များပေါ်ရှိ ဓာတ်တိုင်များကို အမြန်ဆုံး ပြောင်းရွှေ့ပေးရန်၊ အန္တရာယ်ရှိဓာတ်တိုင် ၁၀၀၀ ခန့်အား အမြန်ဆုံး လဲလှယ်ပေးရန်နှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအတွက် လိုအပ်လျက်ရှိသော ထရန်စဖော်မာ ၄၀ လုံးအား အမြန်ဆုံးချထားပေးရန် အစီအစဉ်ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့်မေးခွန်း
ပြည်ထောင်စုလမ်းမကြီးနှင့် လှော်ကားလမ်းမကြီးများသည် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၏ အဓိကလမ်းမကြီးများဖြစ်ပြီး ယာဉ်သွားလာမှုအများဆုံးဖြစ်သည့်အတွက် ၎င်းလမ်းမကြီးများကို အကျယ် ၂၄ ပေ နှစ်လမ်းသွားမှ ၄၈ ပေအကျယ် လေးလမ်းသွားလမ်းမကြီးများအဖြစ် တိုးချဲ့ပေးလျက်ရှိပါကြောင်း၊ ဤသို့တိုးချဲ့ပေးပါသော်လည်း လမ်းအလယ်တွင် ကျန်ရစ်ခဲ့သည့် ဓာတ်တိုင်ကြီးများကြောင့် ပေးကားပေး၏မရဖြစ်သကဲ့သို့ ယာဉ်သွားလာ၍မရဘဲ ယာဉ်ရပ်နားရန် နေရာ၊ ဈေးရောင်းရန်နေရာများ ဖြစ်ခဲ့ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုလမ်းမကြီး၊ လှော်ကားလမ်းမကြီးများပေါ်ရှိ ဓာတ်တိုင်များကို အမြန်ဆုံးပြောင်းရွှေ့ပေးရန် လိုအပ်ပါကြောင်း၊
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ရပ်ကွက်ပေါင်း(၃၂)ရပ်ကွက်ရှိ လမ်းများပေါ်ရှိ ဓာတ်တိုင်များ အချို့သည် ကျိုးပဲ့နေခြင်း၊ ယိုင်လဲနေခြင်း၊ သံချောင်းများပေါ်နေခြင်းတို့ကြောင့် အမြန်ဆုံး လဲလှယ်ပေးပါရန် လိုအပ်ပါကြောင်း၊
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်သည် မီးသုံးစွဲမှုအင်အား ၇၂,၀၀၀ ခန့်ရှိပြီး စက်မှုဇုန်လေးဇုန်ရှိသည့်အတွက် မီးမကြာခဏ ပြတ်တောက်ခြင်းခံနေရသော ဒဂုံမြို့သစ်(တောင်ပိုင်း) အတွက် လိုအပ်နေသော ထရန်စဖော်မာအလုံး ၄၀ အားလည်း ချထားပေးပါရန် လိုအပ်ပါကြောင်း၊
ထို့ကြောင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ပြည်ထောင်စုလမ်းမကြီး၊ လှော်ကားလမ်းမကြီးများပေါ်ရှိ ဓာတ်တိုင်များကို အမြန်ဆုံးပြောင်းရွှေ့ပေးရန်၊ အန္တရာယ်ရှိဓာတ်တိုင် ၁,၀၀၀ ခန့်အား အမြန်ဆုံး လဲလှယ်ပေးရန်နှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး အတွက် လိုအပ်လျက်ရှိသော ထရန်စဖော်မာ ၄၀ လုံးအား အမြန်ဆုံးချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။