(ဃ)-ပြည်သူများသုံးစွဲခဲ့သည့် လျှပ်စစ်မီတာခများ တိကျစေရန်နှင့် မီတာဖတ်စာရေးများ မှန်မှန်ကန်ကန် ဖတ်ပြီး စာရင်းရေးသွင်းနိုင်ရန် မည်သို့စီစဉ်ဆောင်ရွက်နေသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

2021-01-05

လက်ရှိပြည်သူများ အဆင်မပြေဖြစ်နေသော ပြည်သူများ သုံးစွဲခဲ့သည့်လျှပ်စစ်မီတာခများ မတိကျမှု များ ဖြစ်နေပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်မီတာခများတိကျစေရန်နှင့်မီတာဖတ်စာရေးများက တချို့နေရာများတွင် သွားရောက်ဖတ်ယူခြင်းမရှိဘဲမှန်းပြီးထည့်သည်များရှိနေသောကြောင့် မီတာဖတ်စာရေးများ မီတာယူနစ်များကို မှန်မှန်ကန်ကန် စာရင်းသွင်းနိုင်ရန် တချို့နေရာများတွင် မီတာများက ဟောင်းနွမ်းဆွေးမြည့်နေပါကြောင်း၊ သို့သော်လည်း နေရာနှင့်အလိုက် မိမိတို့ကျောက်တံတား Downtown Township များတွင် မီတာပုံးများက ကြည့်၍မရသောနေရာများ၊ မီတာများတွင် မကောင်းသည့်ပစ္စည်းများ ဖြစ်နေသည့်အတွက် တချို့ Downtown မြို့နယ်များတွင် အထူးသဖြင့် မီတာဖတ်သည့်ယူနစ်များ မှားယွင်းနေသောကြောင့် ခန့်မှန်းဖတ်သည့်အတွက် ပြဿနာပေါင်းစုံကို ဖြေရှင်းနေရပါကြောင်း၊ အချို့နိုင်ငံများတွင် မီတာစနစ်သည် အလွန်ကောင်းမွန်သည့် AMI Digital Meter စနစ်များဖြစ်ပြီး တယ်လီဖုန်းကနေ ကြည့်၍ရပြီး မိမိတစ်နေ့တာ မည်မျှသုံးသည်ကို ကြည့်၍ရပါကြောင်း၊ Voltage ပြည့်၊ မပြည့်ကိုလည်း ကြည့်၍ရသည့် AMI စနစ်များ ပေါ်ထွန်းနေပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံတွင် တစ်နေရာနှင့်တစ်နေရာမတူပါကြောင်း၊ Downtown Township များမှာ ခုနစ်ထပ်၊ ရှစ်ထပ်အဆောက်အအုံများရှိသော်လည်း အချို့နေရာများသည် မြေညီထပ် တွင်သာ လုံးချင်းအိမ်၊ ခြံ၊ဝန်းနှင့်နေသည့်နေရာများလည်း ရှိပါကြောင်း၊ ထို့အပေါ်မူတည်ပြီး လျှပ်စစ် ဝန်ကြီးဌာနအနေဖြင့် မည်သို့စီမံကိန်းများချပြီး ဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်း၊

နောက်တစ်ခုမှာ မိမိတို့အစိုးရလက်ထက်တွင် ထုတ်လုပ်ရေးနှင့်ပတ်သက်၍ လျှပ်စစ် ၁၁၆ မဂ္ဂါဝပ်ကို လည်း အလုံမြို့၊ သန်လျင်မြို့၊ သာကေတမြို့၊ ရခိုင်ပြည်နယ်(ကျောက်ဖြူမြို့)၊ ရွှေတောင်မြို့တို့တွင် ထုတ်လုပ်နိုင်ခဲ့ပြီး လက်ရှိ ဆိုလာတင်ဒါ ၁,၀၀၀ မဂ္ဂါဝပ်ကျော်ကို ခေါ်ထားပါကြောင်း၊ ယမန်နေ့က ဂျပန်နိုင်ငံနှင့်ပူးပေါင်းပြီး သီလဝါတွင် ၁,၀၀၀ မဂ္ဂါဝပ်ကို Note to Proceed ပေးလိုက်ပါကြောင်း၊ မိမိတို့အစိုးရသည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်လုပ်ရေးအပိုင်းတွင် ပြည်သူများ သုံးစွဲနိုင်အောင် ထုတ်လုပ်ရေးများလုပ်နေသည်ကို အသိအမှတ်ပြုပါကြောင်း၊ သိူ့သော်လွန်ခဲ့သည့် နှစ်ရက်က တစ်နိုင်ငံလုံးမီးပျက်ပြီး ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်တွင် ခြောက်နာရီခန့် မီးပျက် သွားပါကြောင်း၊ အဓိကမှာ  Distribution (ဖြန့်ဖြူးရေး)နှင့်ပတ်သက်ပါက အိတ်ပေါက်နှင့် ဖားကောက်ဖြစ်နေပါကြောင်း၊ ထုတ်လုပ်ရေးက

သည် အများကြီးထုတ်နေပြီးလွှင့်နေသော်လည်း ဖြန့်ဖြူးရေးကို သေချာမလုပ်သည့်အတွက် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုများ ဖြစ်ပေါ်နေပါ ကြောင်း၊ အထူးသဖြင့် ဝန်ကြီးဌာနအနေနှင့် ယခုအချိန်သည် ကိုဗစ်ကာလဖြစ်သောကြောင့် ပြည်သူများအနေဖြင့် လစာမရခြင်း၊ လစာများလျှော့ယူရခြင်း၊ စသဖြင့် ၎င်းတို့၏ဝင်ငွေများသည် ယခု အချိန်တွင် ပုံမှန်မဟုတ်ဘဲ လျှော့ကျသည့်အနေအထားများရှိပါကြောင်း၊ အရောင်းအဝယ်များလည်းမကောင်းကြသည့်အတွက် ပိုက်ဆံကို ချင့်ချင့်ချိန်ချိန်နှင့် သုံးစွဲနေရပါကြောင်း၊ ထို့အတွက် ပြည်သူများ၏ကိုယ်စား မီတာစနစ်ကို တိတိကျကျဖြစ်အောင်နှင့် မီတာဘေလ်များကို မှန်မှန်ကန် ကန်နှင့် ဖြစ်နိုင်အောင် မည်သို့လုပ်ဆောင်မည်ကို သိရှိလိုပါသဖြင့် မေးမြန်းပါသည်။