(ဆ)-ဂွမြို့နယ်၊ ‌တောင်ပေါက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ တိုင်ကြားခံကျောင်းအုပ်ကြီး အား ပညာရေးဌာနမှ မြို့နယ်နှင့် ခရိုင်အဆင့်တာဝန်ရှိသူများက လာရောက်စစ်ဆေးမေးမြန်းခဲ့ပြီး မည်ကဲ့သို့ အရေးယူထားသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2021-01-05

(ဆ)-ဂွမြို့နယ်၊ ‌တောင်ပေါက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ တိုင်ကြားခံကျောင်းအုပ်ကြီး အား ပညာရေးဌာနမှ မြို့နယ်နှင့် ခရိုင်အဆင့်တာဝန်ရှိသူများက လာရောက်စစ်ဆေးမေးမြန်းခဲ့ပြီး မည်ကဲ့သို့ အရေးယူထားသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မိမိမေးလိုသည့်မေးခွန်းမှာ တိုင်ကြားစာအပေါ် မည်ကဲ့သို့အရေးယူထား‌ကြောင်း သိလို၍ မေးမြန်း ခြင်းဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ တောင်ပေါက်ရွာ အခြေခံပညာ အထက်တန်းကျောင်း မှ ကျောင်းအုပ်ဆရာကြီးသည် နိုင်ငံတော်မှပေးအပ်သော ပညာသင်ထောက်ပံ့ကြေးငွေကို တစ်နှစ် လျှင်နှစ်ကြိမ်ခွဲ၍ ပေးအပ်ခဲ့ရာ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ‌ကျောင်းသားကျောင်းသူ ၄၈ ဦး အတွက် တစ်နှစ်စာနှစ်ကြိမ်အတွက် ၁၉၂၀၀၀ ကျပ်ကိုလည်းကောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် အတွက် ကျောင်းသား၊ ကျောင်းသူ ၅၁ ဦးအတွက် တစ်နှစ်စာ နှစ်ကြိမ်အတွက် ၂၀၄၀၀၀ ကျပ်ကို လည်းကောင်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းသားကျောင်းသူ ၄၄ ဦးအတွက် ပထမ အကြိမ် ၈၈၀၀၀ ကျပ်ကိုလည်းကောင်း၊ သုံးနှစ်အတွက် ငါးကြိမ်ပေးအပ်ခဲ့ပြီးဖြစ်ရာ စုစုပေါင်းငွေ ၄၈၄၀၀၀ ကျပ်ကိုလည်းကောင်း ဖြတ်ယူထားခဲ့ကြောင်း ဒေသခံဆရာ၊ ဆရာမ (၄)ဦးမှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် တိုင်ကြားခဲ့ပါကြောင်း၊ ၎င်းတိုင်ကြားစာအရ နှစ်ပတ်အတွင်းတွင် တိုင်ကြားသူ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ မိဘများနှင့် တိုင်ကြားခံ ကျောင်းအုပ်ဆရာကြီးကို ပညာရေးဌာန၊ မြို့နယ်နှင့် ခရိုင်အဆင့်  တာဝန်ရှိသူများမှ လာရောက် စစ်ဆေးမေးမြန်းခဲ့သော်လည်း ယခုအချိန်အထိ အရေးယူဆောင်ရွက်ထားသည်ကို မသိရှိရပါသဖြင့် မည်ကဲ့သို့ အရေးယူဆောင် ရွက်ထား‌ကြောင်းကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။