(က)-ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့နယ်၊တော်ဝင်လမ်း၊ အမှတ်(၃၅)ပေါ်တွင်တည်ရှိသည့် ကယားဂေဟာအမည်ရှိသောအဆောက်အအုံနှင့်မြေအား ကယားပြည်နယ်အစိုးရထံသို့ ဥပဒေနှင့် အညီ လွှဲပြောင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2021-01-05

(က)-ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့နယ်၊တော်ဝင်လမ်း၊ အမှတ်(၃၅)ပေါ်တွင်တည်ရှိသည့် ကယားဂေဟာအမည်ရှိသော အဆောက်အအုံနှင့်မြေအား ကယားပြည်နယ်အစိုးရထံသို့ ဥပဒေနှင့် အညီ လွှဲပြောင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ တော်ဝင်လမ်း၊ အမှတ်(၃၅)ရှိ ကယားဂေဟာ အဆောက် အအုံနှင့်မြေ၏ ပထမပိုင်ရှင်မှ S.Balthazan သည် မြေဂရန်ပိုင်ရှင် ဖြစ်ပါကြောင်း၊ ဒုတိယပိုင်ရှင် Karenni State Government သည် ၁၉၅၁ ခုနှစ်တွင် အမည်ပေါက်ရထားခြင်းဖြစ်ပါကြောင်း၊ ၎င်း Karenni State Government ဆိုသည်မှာ အစိုးရဝယ်လိုက်သည့် အကြောင်းတရား တစ်ခုတော့ ရှိပါကြောင်း၊ နောက်ဆုံး ၁၉၉၅ ခုနှစ်တွင် မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနအစိုးရက အခုနောက် ဆုံးမှတ်သားထားသည့် ပိုင်ရှင် ဖြစ်ပါကြောင်း၊ မိမိပြောပြချင်သည်မှာ ၁၉၅၁ ခုနှစ် တွင် Kayah State Government ခေါ်သည့် ကယားပြည်နယ်အစိုးရကပိုင်ပြီး ၎င်းအဆောက်အအုံကိုပြန်လည်ပြင်ဆင် ပြီး ကယားပြည်သူလူထုများ လူမှုရေးအရတည်းခိုနိုင်အောင် စီမံထားသည့် ကယားဂေဟာဖြစ်ပြီး ၎င်းအချိန်ကတည်းက မိမိတို့ထိန်းသိမ်းလာပြီး မိမိတို့အစိုးရပိုင်၊ ကယား ပြည်နယ်ပိုင်ဖြစ်ပါကြောင်း၊ ၁၉၆၂ ခုနှစ် အာဏာသိမ်းလိုက်သည့် အခါတွင်လည်း ကယားပြည်နယ် အစိုးရအဖွဲ့က Ownership ဆိုသည့် နာမည်နှင့်၁၉၇၂ ခုနှစ်အထိ ထိန်းသိမ်းဖြစ်ပါကြောင်း၊ ၁၉၇၂ ခုနှစ် ဆောက်လုပ်ရေး ဦးစီးဌာန မှ စီမံခန့်ခွဲသည့်အနေဖြင့်သာ လုပ်ပါကြောင်း၊ ၁၉၉၅ ခုနှစ်ပိုင်ပြီးသည့် အချိန်မှသာ PRA-FMI Pansea Co.Ltd ၊ B.O.T System နှင့် စာချုပ်ချုပ်ပြီး ငှားရမ်းထားခြင်းဖြစ်ပါကြောင်း၊ ၄-၈-၂၀၁၅ ခုနှစ်တွင် Thirty Years Extension နှင့် ပြန်ပြီး ငှားရမ်းထားပြီး ၂၀၂၆ ခုနှစ်တွင် ပြည့်မည် ဖြစ်သည်ဟုသိရပါကြောင်း၊၎င်းကိုလွှတ်တော်ပထမအကြိမ်တွင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ကယားပြည်နယ်က မေးမြန်းရာတွင် B.O.T System နှင့်လုပ်ထားပြီးအစိုးရပိုင်မြေဖြစ်သည့်အတွက် မစွန့်လွှတ်နိုင်ကြောင်းကို ဖြေကြားထားပါကြောင်း၊

လက်ရှိအစိုးရတက်လာသည့် အချိန်တွင် ပြည်ထောင်စုအစိုးရက ပြည်သူလူထုကို မနစ်နာစေချင် သည့်အတွက် ၂၀၁၉ ခုနှစ်၊ မတ်လတွင် အစည်းအဝေးလုပ်ပြီး ညွှန်ကြားချက်တစ်ရပ်ထုတ်ပြန် ပါကြောင်း၊ ၁၉၆၃ ခုနှစ်တွင် ပြည်သူပိုင်သိမ်းသည့်ပစ္စည်းများကို ပြန်ပေးသည့် ညွှန်ကြားချက်ဖြစ်ပါ ကြောင်း၊ ၎င်းညွှန်ကြားချက်တွင် မူဝါဒ(၉)ရပ်၊ ဌာနဆိုင်ရာမှ ဥပဒေချုပ်များတွင် အကြံဉာဏ် တောင်း ၍ မည်သို့ပြန်ပေးရမည်ဆိုသည့် ညွှန်ကြားချက်များနှင့် ပုံစံများ ပါဝင်သည့်အတွက် ဥပဒေနှင့်အညီ ကယားပြည်နယ်အစိုးရကို မည်သို့ပြန်လွှဲပေးမည်နည်းနှင့် လွှဲရန်အစီအစဉ်ရှိ/မရှိ ကို သိလိုပါကြောင်း မေးမြန်းပါသည်။