(ဈ)-သတ္တမတန်းမြန်မာစာသင်ရိုးသစ်တွင်ပါဝင်သောအချက်အလက်များသည်တိုင်းရင်းသားအရေး၊ ထိခိုက်စေနိုင်ခြင်းနှင့်သမိုင်းအမှန်အချက်အလက်များ လူငယ်များအတွင်း မှားယွင်းစွာ သိမြင်သွားနိုင် ခြင်းတို့ကြောင့် ပြန်လည်ပြင်ဆင်ပေးရန် အစီအစဉ်ရှိ /မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
(ဈ)-သတ္တမတန်းမြန်မာစာသင်ရိုးသစ် ကျောင်းသုံးစာအုပ်စာမျက်နှာ ၅ နှင့် ၆ တွင်ပါဝင်သောအချက် အလက်များသည်တိုင်းရင်းသားအရေး၊ထိခိုက်စေနိုင်ခြင်းနှင့်သမိုင်းအမှန်အချက်အလက်များ လူငယ် များအတွင်း မှားယွင်းစွာသိမြင်သွားနိုင်ခြင်းတို့ကြောင့် ပြန်လည်ပြင်ဆင်ပေးရန် အစီအစဉ်ရှိ /မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
သင်ရိုးသစ်မြန်မာစာ၏ နောင်အင်းလေးကို လာဖို့ဖိတ်ခေါ်တယ် ခရီးသွားဆောင်းပါး၏ သရုပ်ဖော်ပုံမှစ၍ အမှားအယွင်းများဖြစ်ခဲ့ပါကြောင်း၊ အင်းသားတိုင်းရင်းသားများဝတ်စုံသည်လုံချည်ဝတ်ဆင်ခြင်းမဟုတ်ဘဲ ပင်နီဝတ်စုံကိုဝတ်ဆင်ခြင်းဖြစ်ပါကြောင်း၊ တိုင်းရင်းသားများသည် ဘာသာတရားအလွန်ကိုင်းရှိုင်းကြပြီး ယက်ကန်း၊ ပန်းတိမ်၊ ပိုး၊ ကြာချည်စသည့် လက်မှုလုပ်ငန်းများလုပ်ကိုင်ပြီး ကျွန်းမျောများတွင် စိုက်ပျိုးရေးလုပ်ကိုင်ကြသူ အများစုဖြစ်ပြီးတံငါသည် သည် လူနည်းစုဖြစ်သည့်အတွက် ခရီးသွားဆောင်းပါးတွင်ပါဝင်သောပြကွက်သည် အင်းသားတိုင်းရင်းသားများအားလုံးကိုတံငါသည်များဟု ထင်မှတ်သွားစေနိုင်ပါကြောင်း၊
ရှေးယခင်က အင်းရေပြင်ကြီးတွင် ရွာကြီးလေးရွာစတင်တည်ရှိခဲ့ရာကစပြီး အင်းလေးကန်ကြီးဟု အမည်တွင်လာခြင်းဖြစ်ပါကြောင်း၊ အဆိုပါရွာကြီးများမှာ နန့်ပန်ရွာ၊ နောင်တောရွာ၊ ဟဲယားရွာမနှင့် ရွာသူကြီးဘန့်ပုံ ရွာတို့ဖြစ်ပါကြောင်း၊ နားပန်းကြီးရွာလည်းမရှိဘဲရွာသူကြီးသံပုံဆိုသည်မှာလဲ မဟုတ်ဘဲ ရွာကြီးဘန့်ပုံဖြစ်ပါကြောင်း၊ ၁၉၆၉-၁၉၇၀ ခုနှစ်က နန့်ပန်ရွာသည် နန့်ပန်မြို့နယ် ဖြစ်ခဲ့ပြီး ယခင်နှစ်ကမှ ရွာမှ နန့်ပန်မြို့အဖြစ် ပြည်ထောင်စုလွှတ်တော်ကြီးက ပြန်လည်အတည်ပြုခဲ့ပေး ပါကြောင်း၊ နောက်အမှားဆုံးသည် အင်းလေးကန်ပတ်ဝန်းကျင်၌ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး တိုင်းရင်းသားများများ နေထိုင်ကြကြောင်းဖော်ပြပြီး အင်းသားလူမျိုးဟု တစ်နေရာမှပါဝင်ခြင်း မရှိသည် မှာ အတော်အားငယ်စရာဖြစ်ပါကြောင်း၊ ပအိုဝ်းစာပေ၊ ယဉ်ကျေးမှု၏ သတ်မှတ်ချက်အရ ပအိုဝ်းဆိုသည့် စာလုံးပေါင်းသည်လည်း အမှားဖြစ်နေပါကြောင်း၊ မိုးဗြဲဆည်ထဲသို့ စီးဝင်သော ချောင်း သည်လည်း ဘီလူးချောင်းဖြစ်ပြီး နန့်ပန်ချောင်းဆိုသည်မှာ အင်းထဲတွင် မရှိပါကြောင်း၊ တောင်ပိုင်းက စကားအင်း(စံကားလို့ စာလုံးပေါင်းပါတယ်) ထို့ပြင် ကမ္ဘာသိ၊ မြန်မာသိ ကြောင်ခုန်ကျောင်း ဟုခေါ်သည့် ငါးဖယ်ချောင်းကျောင်းသည်လည်း ငါးဖယ်ချောင်ကျောင်းတိုက် ဆိုပြီး မှားယွင်းခြင်း၊ အင်းသားရိုးရာအစားအသောက်များတွင်လည်း အမှန်က ငါးထမင်းနှင့် အင်းမုန့်များ၊ ဟင်းထုပ် စသည့် အစားအစာများဖြစ်သော်လည်း ဖော်ပြထားခြင်းမရှိပါကြောင်း၊ ထို့ကြောင့် အင်းသားစာပေ ယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းက အခြားတိုင်းရင်းသားများအတွက်ပါ အကြံပြု တင်ပြထား သည်မှာ ပညာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းရင်းသားတို့၏ နေရင်းဒေသနှင့် ပတ်သက်၍လည်းကောင်း ကျောင်းသင်ခန်းစာအဖြစ် ပြဋ္ဌာန်း မည်ဆိုပါက တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ တစ်ဆင့် သက်ဆိုင်ရာစာပေ၊ ယဉ်ကျေးမှုအဖွဲ့ အစည်းများ၊ ဒေသဆိုင်ရာခေါင်းဆောင်များ၏ အကြံပြုချက်၊ သုံးသပ်ချက်များကို အတည်ပြု ရယူပြီးမှသာ ဆောင်ရွက်သင့်ကြောင်း ပြဋ္ဌာန်းထားပါကြောင်း၊ သင်ရိုးဟောင်းဆဋ္ဌမတန်း မြန်မာ ဖတ်စာ တွင်ပါသည့် အင်းလေးကန်ဆိုသည့် စကားပြေဖြစ်ပြီး အင်းသားဆိုသည့်စာသား ကိုးကြိမ်ပါ ရှိပြီး အချက်အလက်များလည်း တော်တော်စုံလင်ပါကြောင်း၊ ထို့ကြောင့် သတ္တမတန်း မြန်မာစာ သင်ရိုးသစ်ကျောင်းသုံး စာအုပ်စာ မျက်နှာ ၅ နှင့် ၆ တွင်ပါဝင်သော အချက်အလက်များသည် တိုင်းရင်းသားအရေး၊ ထိခိုက်စေနိုင်ခြင်းနှင့် သမိုင်းအမှန်အချက်အလက်များ လူငယ်များအတွင်း မှားယွင်းစွာသိမြင်သွားနိုင်ခြင်းတို့ကြောင့် ပြန်လည်ပြင်ဆင်ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။