(ဈ)-ပြည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ မှော်ဇာကျေးလက်ကျန်းမာရေးဌာနအား မှော်ဇာနှင့် အင်ကြင်းမြောင်ကျေးလက်ကျန်းမာရေးဌာနအဖြစ် တိုးချဲ့ဖွဲ့စည်းပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
(ဈ)-ပြည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ မှော်ဇာကျေးလက်ကျန်းမာရေးဌာနအား မှော်ဇာနှင့် အင်ကြင်းမြောင်ကျေးလက်ကျန်းမာရေးဌာနအဖြစ် တိုးချဲ့ဖွဲ့စည်းပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ပြည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှော်ဇာကျေးလက်ကျန်းမာရေးဌာနတွင် ပါဝင်သည့် ကျေးလက်ကျန်းမာရေးဌာနခွဲများသည် မအူ၊ ရွှေတံခါး၊ မှော်ဇာ၊ တောင်ခွေးရဲနှင့် မင်းကုန်း Sub-centre တို့ဖြစ်ပါကြောင်း၊ မှော်ဇာကျေးလက်ကျန်းမာရေးဌာန၏ ထူးခြားချက်သည် မြို့ပေါ်မှ ဆင်ခြေဖုံးရပ်ကွက်နှစ်ခုဖြစ်သော မအူနှင့် ရွှေတံခါး၊ မှော်ဇာတိုက်နယ်အတွင်းမှ မှော်ဇာ၊ တောင် ခွေးရဲ၊ မင်းကုန်းအစရှိသည့် ကျေးရွာအုပ်စုများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေရသည့်အတွက် လုပ်ငန်းဆောင်ရွက်ရသည့် နယ်မြေဧရိယာကျယ်ဝန်းသည့်အပြင် မအူနှင့် ရွှေတံခါးရပ်ကွက်တို့သည် လူဦးရေထူထပ်ပြီး ရွှေ့ပြောင်းလုပ်သားနေထိုင်မှုများပြားသည့် ရပ်ကွက်များဖြစ်သည့်အတွက် လူဦးရေ တိုးတက်မှုလွန်စွာမြန်ဆန်သည့် ရပ်ကွက်များဖြစ်ပါကြောင်း၊
ထို့ကြောင့် မှော်ဇာကျေးလက်ကျန်းမာရေးဌာနက စောင့်ရှောက်မှုပေးရသည့် ဦးရေ စုစုပေါင်းသည် ၃၁,၉၀၁ ယောက်ရှိပြီး ရွှေတံခါး Sub-centre က စောင့်ရှောက်မှုပေးနေရသော လူဦးရေသည် ၁၃,၄၂၈ ဦး၊ မအူကျေးလက်ကျန်းမာရေးဌာန(ခွဲ)က စောင့်ရှောက်မှုပေးနေရသည့် လူဦးရေသည် ၇,၂၈၉ ယောက်ရှိပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေးဌာန(ခွဲ)တစ်ခု၏ သားဖွားဆရာမ တစ်ဦး စောင့်ရှောက်မှုပေးနိုင်သည့် လူဦးရေသည် ၃,၀၀၀ မှ ၅,၀၀၀ သာဖြစ်ခြင်းကြောင့် ကျေးလက် ကျန်းမာရေးဌာန(ခွဲ)နှစ်ခုတွင်ရှိသော သားဖွားဆရာမနှင့် ကြီးကြပ်-၂ တို့သည် ၎င်းတို့၏ လုပ်ငန်း တာဝန်များကို နှစ်ဆ၊ သုံးဆထမ်းဆောင်နေကြရပါကြောင်း၊ မှော်ဇာအာရိကျေးလက် ကျန်းမာရေး ဌာနကို အသစ်ဖွဲ့စည်းမည်ဆိုပါက ကျေးလက်ကျန်းမာရေးဌာနတွင် မှုတ်ရှည်၊ မှော်ဇာ၊ မိန်း၊ တောင်ခွေးရဲ၊ တွင်းကြီးနှင့် မင်းကုန်း Sub-centre တို့နှင့် ပြင်ဆင်ဖွဲ့စည်းနိုင်မည်ဖြစ်ပါကြောင်း၊ ထိုမှတစ်ဆင့် အင်ကြင်းမြောင်ကျေးလက် ကျန်းမာရေး ဌာနအသစ်ကို ဖွဲ့စည်းလိုက်မည်ဆိုပါက အင်ကြင်းမြောင် ကျေးလက်ကျန်းမာရေးဌာန အသစ်တွင် အင်ကြင်းမြောင်ပင်မ ကျေးလက် ကျန်းမာရေးဌာန၊ မအူကျေးလက်ကျန်းမာရေးဌာန(ခွဲ)၊ ရွှေတံခါး ကျေးလက် ကျန်းမာရေးဌာန(ခွဲ)၊ စပ်ဂရကျေးလက်ကျန်းမာရေးဌာန(ခွဲ)နှင့် ရွှေတံခါးကျေးလက် ကျန်းမာရေး ဌာန(ခွဲ)၊ အပိုင်း(၄) ကျေးလက်ကျန်းမာရေးဌာန(ခွဲ)တို့ ပါဝင်လာမည်ဖြစ်ပါကြောင်း၊ ယင်းသို့ပြင်ဆင် ဖွဲ့စည်းပေး မည်ဆိုပါက RHC နှစ်ခုဖြစ်သွားသည့်အတွက် Area Coverageနှင့် Population Coverage ပါ ထိထိရောက်ရောက်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါဒေသတွင် ရှိသော မိခင်များအနေဖြင့် တစ်နှစ်အောက်၊ ငါးနှစ်အောက် ကလေး သူငယ်များ ကိုလည်း ယခုထက် ပိုမို ထိရောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ရရှိခံစားစေနိုင်မည် ဖြစ်သည့်အတွက် ပြည်မြို့ နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ မှော်ဇာကျေးလက် ကျန်းမာရေးဌာနအား မှော်ဇာ နှင့် အင်ကြင်းမြောင်ကျေးလက်ကျန်းမာရေးဌာနအဖြစ် တိုးချဲ့ဖွဲ့စည်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။