(ဆ)-စစ်တွေမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး (ခုတင်-၅၀၀)တွင် လိုအပ်နေသောမျက်စိအထူးကု၊ နှလုံးအထူးကု၊ ကင်ဆာအထူးကုဆရာဝန်များနှင့် ကုသရေးဆိုင်ရာကိရိယာများကို အမြန်ဆုံး ဖြည့်ဆည်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2021-01-05

(ဆ)-စစ်တွေမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး (ခုတင်-၅၀၀)တွင် လိုအပ်နေသောမျက်စိအထူးကု၊ နှလုံးအထူးကု၊ ကင်ဆာအထူးကုဆရာဝန်များနှင့် ကုသရေးဆိုင်ရာကိရိယာများကို အမြန်ဆုံး ဖြည့်ဆည်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

စစ်တွေမြို့တွင် နိုင်ငံတော်အစိုးရကခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုဆေးရုံကြီးကို ဖွင့်လှစ်ပြီး ဖြစ်ပါကြောင်း၊ ၄.၆.၂၀၂၀ ရက်နေ့တွင် မျက်စိအထူးကုဆရာဝန် တစ်ဦးကို ခန့်ထားပြီးဖြစ်ပါကြောင်း၊ နှလုံးရောဂါအထူးကုဆရာဝန်ကြီးများကို ခန့်ထားခြင်း မရှိသေးသည့်အတွက် စစ်တွေမြို့(ခုတင်-၅၀၀)ဆံ့ဆေးရုံကြီးတွင် နှလုံးရောဂါကုဆရာဝန်ကြီးများနှင့် အခုကုသသည့်စက်ကိရိယာများ အထူး လိုအပ်လျက်ရှိနေပါကြောင်း၊ အခြားမြို့ကြီးများတွင် အထူးကုဆရာဝန်ကြီးများ၊ ဓာတ်ရောင်ခြည် ကုသခြင်းများ ဆောင်ရွက်ကုသနိုင်ကြသော်လည်း စစ်တွေမြို့ ခုတင်(၅၀၀) တွင် ကုသနိုင်ခြင်း မရှိသေးပါကြောင်း၊ ကင်ဆာအထူးကုဆရာဝန်ကြီးနှင့် ကုသသည့် ကိရိယာများအထူး လိုအပ်လျက် ရှိပါကြောင်း၊ ဖွဲ့စည်းပုံအရ ဝန်ထမ်းအင်အား   ၈၈၂ ဦးဖြစ်သော်လည်း လက်ရှိအချိန်တွင် ဝန်ထမ်း အင်အား ၄၀၃ ဦးသာ ရှိပါကြောင်း၊ လိုအပ်လျက်ရှိသည့် ဝန်ထမ်းစာရင်းတွင် ဦးနှောက်အထူးကု၊ ကင်ဆာအထူးကု၊ နှလုံးအထူးကုနှင့် လက်ထောက်ဆရာဝန်များ၊ သူနာပြုများ၊ သန့်ရှင်းရေး ဝန်ထမ်းများ လိုအပ်လျက်ရှိနေပါနှင့် ရခိုင်ပြည်နယ်တစ်ရပ်လုံး၏ အားကိုးနိုင်လောက်တဲ့ ဆေးရုံကြီးဖြစ်လာစစ်တွေမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး (ခုတင်-၅၀၀)တွင် လိုအပ်နေသော မျက်စိအထူးကု၊ နှလုံးအထူးကု၊ ကင်ဆာအထူးကုဆရာဝန်များနှင့် ကုသရေးဆိုင်ရာ ကိရိယာ များကို အမြန်ဆုံး ဖြည့်ဆည်းပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။