(ဇ)-မြင်းခြံမြို့နယ်၊ ဘိုးဘွားပိုင်မြေကွက် အမှတ် (၇)ရပ်ကွက်၊ ဦးပိုင် အမှတ်(၂၀)၊ ဧရိယာ(ဝ.၆၂) ဧက ပေါ်ရှိ နှစ်ထပ်တိုက်နှင့် ဂိုဒေါင်အဆောက်အ အုံကို မူလပိုင်ရှင်များထံသို့ ပြန်လွှဲပြောင်းပေးမည့် အစီအစဉ် ရှိ/ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
မြေနှင့်အဆောက်အအုံကို ၁၉၆၄ ခုနှစ်တွင် ပြည်သူပိုင်သိမ်းခံရပြီး ရေချို၊ ရေငန်ထွက် ပစ္စည်း အရောင်းဆိုင်အဖြစ် ကုန်သွယ်ရေးဦးစီးဌာနက အသုံးပြုခဲ့ပါကြောင်း၊ ၁၉၇၀ ခုနှစ်တွင် ကုန်သွယ်ရေး ဦးစီးဌာန ပြည်သူ့ဆိုင်များဖျက်သိမ်းပြီး သမဝါယမအသင်းက ရေချို၊ ရေငန်ထွက်ပစ္စည်း အရောင်းဆိုင်နှင့် ဝန်ထမ်းသက်သာဆိုင်အဖြစ် အသုံးပြုခဲ့ပြန်ပါကြောင်း၊ ၁-၉-၁၉၇၃ ခုနှစ်မှစ၍ လစဉ် ၂၀၀ ကျပ်နှုန်းဖြင့် မြို့နယ်သမဝါယမအသင်းက ငှားရမ်းအသုံးပြုခဲ့ပါကြောင်း၊ ၂၇-၅-၁၉၇၇ ရက်နေ့ တွင် ကုန်သွယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနကိုယ်စား မန္တလေးတိုင်းကုန်သွယ်ရေး မန်နေဂျာက မူလပိုင်ရှင်ဖြစ်သည့် ဒေါ်မိမိအား ပုံစံ(၃)ဖြင့် အသိသက်သေများရှေ့မှောက်တွင် တရားဝင် စာရွက်စာတမ်းများဖြင့် နိုင်ငံတော်က အသုံးပြုခြင်း မရှိသည့်အတွက် ပြန်လည် ပေးအပ်ခဲ့ ပါကြောင်း၊ သို့သော် လက်ရောက်ပေးအပ်ခဲ့ခြင်း မဟုတ်ဘဲ စာရွက်ပေါ်တွင်သာ ပေးခဲ့ခြင်းဖြစ်ပါ ကြောင်း၊ သမဝါယမအသင်းက ဆက်လက်အသုံးပြုပြီးနောက် ဆုမွန်ရတနာအထွေထွေ ရောင်းဝယ် ရေးက ဆွမ်းထွက်ပစ္စည်းအရောင်းဆိုင်အား တစ်လလျှင် ကျပ် ၆၀၀၀၀ ဖြင့် တစ်ဆင့်အငှားချထားပြီး မူလ ပိုင်ရှင်ကို ၂၀၀ ကျပ်မှ ၅၀၀ ကျပ်သို့ တိုးမြှင့်ပေးခဲ့ပါကြောင်း၊ ယခုလက်ရှိတွင် ယင်းမြေကွက်နှင့် အဆောက်အဦမှာ အငှားချထားခြင်းမရှိဘဲ ပိတ်သိမ်းထားသည်မှာ သုံး၊ လေးနှစ်ခန့်ရှိပြီဟု သိရပါကြောင်း၊
မြင်းခြံမြို့နယ်၊ သမဝါယမအသင်း ဥက္ကဋ္ဌကို သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ရာ ယင်းမြေကွက်နှင့် အဆောက်အအုံအား ငှားရမ်းခြင်း၊ သုံးစွဲခြင်းမပြုရန် အထက်မှညွှန်ကြားထားပါကြောင်းနှင့် သမဝါယမအသင်းစုက ထိန်းသိမ်းထားခြင်းသာဖြစ်ကြောင်းကို သိရှိရပါကြောင်း၊ ယခုအခါ အဆောက်အအုံတွင်လည်း ပျက်စီးယိုယွင်းစပြုနေပါပြီဖြစ်ပါကြောင်း၊ အချုပ်အားဖြင့်ဆိုသော် ပုံစံ(၃) ဖြင့် တရားဝင်လွှဲပြောင်းပေးအပ်ခဲ့သည် ဆိုသော်လည်း လက်ရောက်ပေးအပ်ခဲ့ခြင်း မဟုတ်သည့် အတွက် အစိုးရအဆက်ဆက်အိမ်ရှင်၊ အိမ်ငှားပုံစံမျိုး သက်ရောက်နေပါကြောင်း၊
ပိုင်ရှင်ဘိုးဘွားပိုင်မြေနှင့် အဆောက်အအုံ၊ နေအိမ်၊ ဆိုင်ခန်းကို လက်လွတ်ဆုံးရှုံး စွန့်ခွာလာခဲ့ရ သည်မှာ နှစ်ပေါင်း ၅၀ ကျော်ပြီဖြစ်ပြီး ချမ်းသာကုန်းတွင် (၁၀) စုနှစ်များစွာ အိမ်ငှားအဖြစ် နေထိုင်ဆဲ ဖြစ်နေသည့်အပြင် ငွေကြေးကလည်း မတတ်နိုင်သည့်အတွက် မိမိတို့ ဆုံးရှုံးနေသည့် ဝိုင်းမြေနှင့် အဆောက်အအုံကို ပြန်လည်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းလည်း မရှိပါကြောင်း၊ နိုင်ငံတော်က နှစ်ပေါင်း ၅၀ ကျော်အသုံးပြုခဲ့ပြီး ယနေ့အသုံးပြုခြင်းမရှိသည့်အတွက် နှစ်ရှည်လများ လူမှုရေး၊ စီးပွားရေးအဘက်ဘက်က နစ်နာနေသည့်မိသားစုဘဝကို ထောက်ထားငဲ့ညှာသောအားဖြင့် အရှုပ်အရှင်း မရှိဘဲ ပိုင်ရှင်ဒေါ်မိအမည်ပေါက် ဘိုးဘွားပိုင်ဝိုင်းမြေနှင့် အဆောက်အအုံကို မူလပိုင်ရှင်များ လက်ဝယ်သို့ ပြန်လည် လွှဲပြောင်းပေးအပ် သင့်ပါကြောင်း၊